MacBook Air လက်ပ်တော့သစ် ၊ ၁၃ လက်မဆိုဒ် MacBook Pro နဲ့ Mac Mini Desktop ကွန်ပျူတာတို့ ပါဝင်ခဲ့ပါတယ်။
Nyein Min Wai

Macs ထုတ်ကုန်တွေအတွက် Intel နဲ့ ၁၅ နှစ်ကြာ လက်တွဲခဲ့တဲ့ Apple ဟာ ကိုယ်ပိုင် ဒီဇိုင်းထုတ်ထားတဲ့ processor သုံးလာတဲ့ ပထမဆုံး MacBook Pro လက်ပ်တော့ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

One More Thing နာမည်နဲ့ ကျင်းပတဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Apple-designed processor သုံး Macs ထုတ်ကုန်သစ် သုံးမျိုးကို ကြေညာခဲ့တာပါ။ အသစ်ကြေညာလိုက်တဲ့ Macs ကွန်ပျူတာတွေထဲမှာ MacBook Air လက်ပ်တော့သစ် ၊ ၁၃ လက်မဆိုဒ် MacBook Pro နဲ့ Mac Mini Desktop ကွန်ပျူတာတို့ ပါဝင်ခဲ့ပါတယ်။

MacBook Air သစ် (Photo: The Verge)


ဒီဇိုင်းပိုင်းအရ လက်ရှိထွက်ထားတဲ့ Mac ကွန်ပျူတာမျိုးဆက်နဲ့ တစ်ထပ်တည်းနီးပါး ဖြစ်ပြီး ကိုယ်ပိုင် processor သစ် ဖြစ်တဲ့ M1 သုံးလာတာပဲ ကွဲပြားပါတယ်။Apple ကတော့ M1 chip ရဲ့ လုပ်ဆောင်ချက်ကို အမျိုးမျိုး အမွှမ်းတင်ထားပြီး လက်ရှိ Macs တွေဟာ ဘက်ထရီသက်တမ်းအရလည်း ပိုကောင်းမယ်လို့ ဆိုပါတယ်။

Apple ရဲ့ အဆိုအရ M1 chips တွေဟာ CPU စွမ်းရည်မှာ ၃ ဆခွဲအထိ မြန်ဆန်မှာ ဖြစ်ပြီး GPU လုပ်ဆောင်ချက်မှာ ၆ ဆနဲ့ Machine learning ပိုင်းမှာ ၁၅ ဆ ပိုမြန်မယ်အထိ ညွှန်းထားပါတယ်။ ဘက်ထရီအားခံမှုအနေနဲ့ အရင်မျိုးဆက် Macs တွေထက် ၂ ဆအထိ ပိုသက်တမ်းခံမယ်လို့ပါ ဖော်ပြထားပါတယ်။

M1 chip ဟာ တလောက ထွက်ထားတဲ့ iPhone 12 နဲ့ iPad Air သစ်တွေမှာ သုံးသွားတဲ့ processor နဲ့ ဆင်ပြီး မတူညီတဲ့ Architecture နဲ့ တည်ဆောက်ထားတာပါ။ ဒီ processor မှာ စွမ်းရည်မြင့် high-performance cores ၄ ခုနဲ့ စွမ်းအင်ထိရောက်မှု မြင့်တဲ့ high-efficiency core ၄ ခု ပါရှိတယ်လို့ ဆိုပါတယ်။ 

Photo: The Verge

ARM-based M1 chip နဲ့ အတူ အသစ်ထွက်လာတဲ့ MacBook Air သစ်ဟာ 6K display အထိ ပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။MacBook Air သစ်ကို ဒေါ်လာ ၁၀၀၀ ဈေးနဲ့ လာမယ့် နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ pre-order ကိုတော့ စပြီး မိတ်ဆက်တဲ့နေ့မှာပဲ လက်ခံထားပါတယ်။

၁၃ လက်မဆိုဒ် MacBook Pro ဟာ ၁၂၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး macOS 11 Big Sur နဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ MacBook Pro သစ်ရဲ့ စွမ်းဆောင်ရည်ဟာ အရင်မျိုးဆက်ထက် ၂.၈ ဆ ပိုမြန်ပြီး ဂရပ်ဖစ်စွမ်းရည် ၅ ဆအထိ ပိုသွက်လက်မှု ရှိတယ်လို့ ဆိုပါတယ်။ MacBook Air သစ်နဲ့ မတူတာက ဒီထုတ်ကုမှာ Cooling Fan စနစ်တစ်ခုလည်း ပါရှိမှာ ဖြစ်ပါတယ်။

Photo: The Verge


Thunderbolt လေးခုနဲ့အတူ Touch Bar တစ်ခုလည်း ပါရှိမှာ ဖြစ်ပြီး အင်တာနက်ဝက်ဘ်ရှာဖွေရေးတွေ ၁၇ နာရီအထိ လုပ်နိုင်ပြီး Video Playback ကြည့်မှုကို နာရီ ၂၀ အထိ လုပ်‌ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်က ထက်သက်တမ်းအခံဆုံးဆိုတဲ့ Mac ကွန်ပျူတာတစ်လုံးထက် ၁၀ နာရီ ပိုပြီး သက်တမ်းခံတာ ဖြစ်ပါတယ်။ 

MacBook Pro သစ်ကို RAM 8GB / 16GB ၊ storage 256GB / 512GB ၊ 1TB / 2TB SSD မော်ဒယ်တွေနဲ့ ထွက်ထားပါတယ်။ လာမယ့်အပတ်က စပြီး စတင်ရောင်းချဖြန့်ချိသွားမှာပါ။ Mac Mini ကတော့ ဒေါ်လာ ၇၀၀ ဈေးက စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က