budget 5G chipset ဖြစ်ပါတယ်

တန်ဖိုးနည်း 5G ဖုန်းတွေမှာ သုံးနိုင်မယ့် MediaTek ရဲ့ Dimensity 700 processor သစ် ထွက်လာပါတယ်။

Dimensity 700 ဟာ ဟာ ဇူလိုင်လထဲမှာ ကြေညာသွားတဲ့ Dimensity 720 နဲ့ ဆင်တဲ့ 7nm chipset တစ်ခု ဖြစ်ပါတယ်။ Dimensity 700 အနေနဲ့ Dimensity 720 chipset ကို နည်းနည်းနှိမ့်ထားတဲ့ ဗားရှင်းအဖြစ် မြင်လို့ရပါတယ်။ Dimensity 700 processor သစ်ကလည်း တန်ဖိုးနည်း 5G ဖုန်းတွေကို ဦးတည်ထုတ်လိုက်တာ ဖြစ်ပါတယ်။ 



Photo: beebom

features အတော်များများမှာလည်း Dimensity 720 နဲ့ ဆင်တာတွေ ရှိပါတယ်။ Dimensity 700 မှာ ပါတဲ့ 5G modem ဟာ 5G cell တွေအကြား ချောချောမွေ့မွေ့ လွှဲပြောင်းနိုင်ပြီး ဒေါင်းလင့်ခ် မြန်နှုန်း 2.7Gpbs အထိ ချိတ်ဆက်နိုင်မှာပါ။ ဒီ modem ဟာ Dual SIM ၊ Dual Standby နဲ့ Voice Over New Radio (VoNR) စနစ်များ ပါရှိပါတယ်။

Dimensity 700 ရဲ့ modem ဟာ Global 5G NR band support ပေးထားပြီး MediaTek ရဲ့ 5G UltraSave ပါဝါအစားသက်သာတဲ့ နည်းပညာ ပံ့ပိုးထားပါတယ်။ CPU ဟာ 2.2GHz Cortex-A76 cores နှစ်ခု ၊ 2.0GHz Cortex-A55 cores ၆ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ LPDDR4x RAM 12GB အထိ ချိတ်ဆက်နိုင်မှာ ဖြစ်ပြီး data transfer speed 1GBbps အထိ ရှိမယ့် UFS 2.2 နှစ်ကြောင်းပြေး သိုလှောင်မှုအထိလည်း ပံ့ပိုးထားပါတယ်။

Photo: GSMArena


Video Recording မှာ 1080p ရုပ်ထွက်နဲ့ ကန့်သတ်ထားပါတယ်။ display အနေနဲ့ 90Hz display ပံ့ပိုးနိုင်မှာ ဖြစ်ပါတယ်။ ဓါတ်ပုံအတွက် 64MP အထိ ကင်မရာတွေကို ပံ့ပိုးထားနိုင်ပြီး AI အဆင့်မြှင့်မှုနဲ့ Multi-frame ရုပ်ထွက်ကောင်းရေး စနစ်တွေ သုံးနေပါတယ်။ 

AI အနေနဲ့လည်း chip ပေါ်မှာ Google ၊ Amazon ၊ Alibaba ၊ Baidu နဲ့ Tencent အပါအဝင် Voice Assistant မျိုးစုံ support ပေးနိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က