မြန်မာငွေ ၇ သောင်းခွဲဈေးကနေ စတင်ရောင်းချသွားမှာပါ
Nyein Min Wai

Classic ဒီဇိုင်း Nokia ဟန်းဆက်နှစ်မျိုးကို HMD က မိတ်ဆက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၁၄ နှစ်လောက်က ထွက်ခဲ့တဲ့ Nokia 6300 နဲ့ Nokia 8000 တို့ကို ပြန်ပြီး ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ 4G ဗားရှင်းအဖြစ် ထွက်လာတဲ့ ဒီဖုန်းတွေဟာ KaiOS သုံးထားပြီး WhatsApp ၊ Google Maps နဲ့ Assistant တို့လို apps တွေ ပါဝင်လာပါတယ်။ Keypad ဒီဇိုင်းမျိုး ဖြစ်ပြီး ကျောဘက်မှာ ကင်မရာတစ်လုံးစီ သုံးထားပါတယ်။

Photo: lowyat

Nokia 6300 4G ဟာ ၂၀၀၆ ဗားရှင်းနဲ့ တစ်ပုံစံတည်း ဖြစ်ပြီး Nokia 8000 4G ကတော့ အရင် 8000 series ဖုန်းတွေလို Slide-out Keypad ဒီဇိုင်းမျိုး မဟုတ်တော့ပါဘူး။ Nokia 6300 4G ဟာ screen size ၂.၄ လက်မ LCD display နဲ့လာပြီး screen ရုပ်ထွက် 320 x 240p ပါရှိပါတယ်။ ဒီဖုန်းမှာ FM radio receiver ၊ 3.5mm headphone jack နဲ့ WiFi hotspot လုပ်ဆောင်ချက်တွေလည်း ထည့်ထားပါတယ်။ 

ကိုယ်ထည်ကို ပလတ်စတစ်နဲ့ ထုတ်ထားပြီး ကျောဘက်မှာ VGA ကင်မရာတစ်လုံးပဲ သုံးထားပါတယ်။ ဘက်ထရီပါဝါ 1500 ဟာ ဖြုတ်တပ်နိုင်တဲ့ Removable ဒီဇိုင်းဖြစ်ပြီး microUSB ကနေ အားသွင်းရတာ ဖြစ်ပါတယ်။ Nokia ကတော့ 4G သုံးနေချိနမှာ standby ၂၅ ရက်အထိ အသုံးခံနိုင်မှာ ဖြစ်ပါတယ်။

Photo: slashgear


Snapdragon 210 chipset ၊ internal storage 4GB ပါရှိပြီး microSD card နဲ့ storage ထပ်တိုးနိုင်မှာပါ။ Charcoal မီးသွေးဖျော့ ၊ အဖြူနဲ့ စိမ်းပြာ သုံးရောင်နဲ့ လာပြီး ၄၉ ယူရို (မြန်မာငွေ ၇ သောင်းခွဲ) ခန့် ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Nokia 8000 4G ကတော့ ပိုပြီး ပရီမီယံကျတဲ့ ဒီဇိုင်းနဲ့ လာပြီး ခရိုမီယံဖရိမ်ဒီဇိုင်း သုံးထားတာပါ။

၂.၈ လက်မ QVGA ရုပ်ထွက်ပါရှိပြီး ကျောဘက်မှာ 2MP ကင်မရာ နဲ့ လာဖို့ ရှိပါတယ်။ Snapdragon 210 chipset ၊ 512MB RAM နဲ့ 4GB storage ပါရှိပြီး storage ထပ်မြှင့်နိုင်မှာပါ။ Nokia 8000 4G မှာလည်း 1500 mAh ဘက်ထရီပါရှိပြီး Onyx Black ၊ Citrine Gold ၊ Opal White နဲ့ Topaz Blue ရောင်တွေနဲ့ ထွက်ထားပါတယ်။ ဈေးနှုန်း ၇၉ ယူရို (မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က