ဈေးနှုုန်းနဲ့ ဖြန့်ချိမယ့်ရက် မသိရသေးပါဘူး။

ZTE ရဲ့ အသစ်ထွက်လာတဲ့ Upper Mid-range ဖုန်းဟာ ဒီဇိုင်းပိုင်း အသားပေးထားတဲ့ 5G ဖုန်းလို့ ဆိုနိုင်ပါတယ်။

ZTE Blade 20 Pro 5G ကို တရုတ်မှာ ကြေညာလိုက်တာပါ။ ဒီဖုန်းမှာ သိသာတဲ့အချက်က ပါးလွှာပေ့ါပါးပြီး ကိုင်ဆောင်ရ သက်တောင့်သက်သာရှိစေဖို့ Focus ထားခြင်းပဲ ဖြစ်ပါတယ်။ ဘေးနှစ်ဘက်ကွေး 3D Curved glass မှန်အုပ်ထားပေမယ့် လက်ထဲမှာ ကိုင်ရတာ ကျစ်ကျစ်လစ်လစ် ရှိစေမယ်လို့ ဆိုပါတယ်။ 



Photo: gizchina


၇.၉ မီလီမီတာပဲ ထူပြီး အလေးချိန်အနေနဲ့ ၁၆၈ ဂရမ် လေးပါတယ်။ မျက်နှာပြင် ၆.၄၇ လက်မဖြစ်ပြီး waterdrop notch ဒီဇိုင်းနဲ့ လာပါတယ်။ AMOLED curved display အမျိုးအစားဖြစ်ပြီး resolution အနေနဲ့ 2340x 1080p ရှိပါတယ်။ standard refresh rate နဲ့ပဲလာပြီး notch ထဲမှာ 20MP selfie ကင်မရာထည့်ထားပါတယ်။

ကျောဘက် စတုဂံပုံစံကင်မရာအိမ်ထဲမှာ ကင်မရာလေးလုံးထည့်သွင်းထားပါတယ်။ 64MP main sensor ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် 8MP ultrawide lens ၊ 2MP 4cm Macro ကင်မရာနဲ့ 2MP depth sensor တို့ ဖြစ်ပါတယ်။ ZTE ကတော့ ဒီဖုန်းဟာ 4K ရုပ်ထွက်ရှိတဲ့ ဗွီဒီယိုတွေကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ Ultrawide နဲ့ main sensor တွေမှာ ရုပ်ငြိမ်စနစ်လည်း ထည့်ပေးထားပါတယ်။

ZTE Blade 20 Pro 5G ဟာ 4000mAh ဘက်ထရီနဲ့ လာပါတယ်။ အားသွင်းစနစ်ဟာ Quick Charge 4+ ပံ့ပိုးထားပါတယ်။ CPU အသုံးများတဲ့ အလုပ်တွေ လုပ်နေချိန်မှာ ဖုန်းအပူချိန်ကို လျှော့ချပေးနိုင်မယ့် Liquid Cooling စနစ်လည်း ထည့်ပေးထားပါတယ်။ တခြား features တွေ အနေနဲ့ NFC ချိတ်ဆက်မှုစနစ် ၊ DTS:X Ultra အသံနည်းပညာ ၊ Bluetooth 5.1 ၊ USB 3.1 နဲ့ မှန်ပြင်အောက်လက်ဗွေလုံခြုံရေးစနစ်တို့လည်း ပါရှိပါတယ်။ 


Photo: techlomedia

ဒီဖုန်းဟာ 5G ကွန်ရက် ပံ့ပိုးမှုပါတဲ့ Snapdragon 765G Processor သုံးထားပါတယ်။ RAM 8GB/128GB storage နဲ့အတူ microSD card ကနေ storage ထပ်မြှင့်နိုင်ဦးမှာပါ။ ZTE Blade 20 Pro 5G ဟာ Android 10 ကို အခြေခံထားတဲ့ MiFavor 10 နဲ့လာပါတယ်။ အရောင်ကိုလည်း အပြာတစ်မျိုးတည်း ထုတ်ထားပါတယ်။ 

ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်အကြောင်း သတင်းအချက်အလက် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က