GPS နဲ့ Voice Assistant တို့တော့ မပါရှိပါဘူး

တန်ဖိုးနည်းအိမ်သုံး လုံခြုံရေးကင်မရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Wyze ကနေ မြန်မာငွေ ၂ သောင်းခွဲကျော်တန် စမတ်နာရီတစ်လုံးကို ကြေညာလိုက်ပါတယ်။

Wyze Watch နာရီဟာ 44mm နဲ့ 47mm ဆိုပြီး အရွယ်အစားနှစ်မျိုးနဲ့ လာပါတယ်။ အမေရိကန်ဈေးကွက်ထဲ နောက်နှစ် ဖေဖော်ဝါရီလထဲမှာ စတင်ရောင်းချသွားမှာပါ။ ကိုယ်ထည်ဟာ အကြမ်းခံပြီး ပေါ့ပါးတဲ့ အလူမီနီယံဖရိမ်နဲ့လာပြီး Apple Watch နဲ့ ဒီဇိုင်းဆင်ပါတယ်။ ဈေးနည်းနည်းနဲ့ ထုတ်တဲ့ နာရီဖြစ်လို့ Voice Assistant နဲ့ GPS စနစ်တော့ မပါရှိပါဘူး။ 



Photo: Global News

၄၄ မီလီမီတာမော်ဒယ်ဟာ ၁.၄ လက်မ LCD display နဲ့ လာပြီး 260mAh ဘက်ထရီ သုံးထားပါတယ်။ ၄၇ မီလီမီတာ မော်ဒယ်ကတော့ ၁.၇၅ လက်မ LCD display ရှိပြီး 300mAh ဘက်ထရီပါရှိပါတယ်။ အီးမေးလ်နဲ့ မက်ဆေ့လို noti တွေကို နာရီနဲ့ ဖတ်နိုင်မှာပါ။ မော်ဒယ်နှစ်မျိုးစလုံးဟာ 16MB storage ပါရှိပြီး fitness features တွေ ထည့်သွင်းထားပါတယ်။ 

IP68 rating ပါတာကြောင့် ရေအနက် ၂ မီတာမှာ မိနစ် ၃၀ အထိ ရေစိမ်ခံနိုင်မယ်လို့ ဆိုပါတယ်။ fitness features တွေအနေနဲ့ ခြေလှမ်းအရေအတွက် ၊ အမျိုးသမီးများ ဓမ္မတာကျန်းမာရေး ၊ သွေးတွင်းအောက်ဆီဂျင် စောင့်ကြည့်စနစ်နဲ့ အိပ်စက်မှုခြေရာခံစနစ်တို့ ပါရှိပါတယ်။ ဘက်ထရီအားဟာ ၉ ရက်အထိ အသုံးခံနိုင်မှာ ဖြစ်ပြီး Google Fit နဲ့ Apple Health တို့နဲ့ ချိတ်ဆက်နိုင်မှာပါ။

လုံခြုံရေးကင်မရာနဲ့ စမတ်မီးလုံးလိုမျိုး Wyze ရဲ့ တခြားထုတ်ကုန်တွေကိုလည်း ထိန်းချုပ်နိုင်မယ့်စနစ်တွေ ထည့်ပေးထားပါတယ်။ ဈေးနှုန်းကလည်း Wyze ရဲ့ တစ်ခြားထုတ်ကုန်တွေအတိုင်း ဘက်ဂျက်ဈေးဖြစ်တဲ့ ဒေါ်လာ ၂၀ (မြန်မာငွေ ၂ သောင်း ၆ ထောင်ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က