အဖိုးနည်းဝန်ပါ ဖုန်းတစ်လုံးပါ

တန်ဖိုးသင့် ဖုန်းတွေထုတ်လုပ်နေတဲ့ Infinix ကနေ ဆွဲဆောင်မှုရှိတဲ့ ဘက်ဂျက်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Infinix Zero 8i ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ထွက်ရှိခဲ့တဲ့ Infinix Zero 8 ရဲ့ အနိမ့်ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ လူငယ်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့လာပါတယ်။ ကျောဘက်မှာ Diamond Shape ကင်မရာကွက်သုံးထားပြီး ရှေ့ဘက်မှာ ဆေးတောင့်ပုံကင်မရာအိမ်နဲ့ ထွက်ထားပါတယ်။ ဒီဇိုင်းအနေနဲ့ Infinix Zero 8 နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။



Photo: GSMArena

မျက်နှာပြင်အကြီးစားဖြစ်တဲ့ ၆.၈၅ လက်မ LCD display ဟာ 90Hz refresh rate ပါရှိပြီး FullHD+ ရုပ်ထွက်သုံးထားပါတယ်။ chipset ဟာ Helio G90T ဖြစ်ပြီး RAM 8GB/128GB storage နဲ့ ထုတ်ထားပါတယ်။ storage ကိုတော့ microSD slot ကနေ ထပ်မြှင့်နိုင်အောင်လည်း ပေးထားပါတယ်။ 

ကျောဘက်မှာ 48MP main sensor ၊ ၁၁၉ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ultrawide sensor ၊ 2MP depth sensor နဲ့ AI Camera တို့ ပါရှိပါတယ်။ ရှေ့ခြမ်း ဆေးတောင့်ပုံစံ punch-hole ထဲမှာ 16MP နဲ့ 8MP ultrawide lens တို့ ထည့်သွင်းထားပါတယ်။ Infinix Zero 8i ဟာ 4500mAh ဘက်ထရီ သုံးထားပြီး 33W fast charging ပေးထားပါတယ်။ 

ဒီဖုန်းမှာ 3.5mm headphone jack နဲ့ FM Radio စနစ်တွေလည်း ပါရှိပါတယ်။ လက်ဗွေဖတ်စနစ်ကတော့ ဖုန်းဘောင်မှာ သုံးထားပြီး ပါဝါခလုတ်လိုလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ Infinix Zero 8i ဟာ အနက်နဲ့ ငွေရောင်နှစ်မျိုးနဲ့ ထွက်ထားပြီး ရူပီး ၁၄၉၉၉ (မြန်မာငွေ ၂ သိန်း ၆ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က