Vivo ရဲ့ mid-range 5G ဖုန်းသစ်
Nyein Min Wai

Vivo အမှတ်တံဆိပ်နဲ့ အသစ်ထွက်လာတဲ့ Vivo Y52s ကို တရုတ်ဈေးကွက်မှာ ကြေညာသွားပါတယ်။

ဆွဲဆောင်မှုရှိတဲ့ တန်ဖိုးသင့် 5G ဖုန်းလို့ ဆိုရမယ့် Vivo Y52s ဟာ waterdrop notch ဒီဇိုင်းနဲ့ ကျောဘက်စတုဂံကင်မရာအိမ်ဒီဇိုင်း သုံးထားပါတယ်။ ဒီဖုန်းဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ China Telecom ဝက်ဘ်ဆိုက်ပေါ် ရောက်လာခဲ့တဲ့ ဖုန်းဖြစ်ပြီး အမြင်အာရုံကို ဆွဲဆောင်နိုင်တဲ့ ရောင်ပြေးကျောဘက်ကာလာနဲ့ လာပါတယ်။

Photo: GSMArena

ဖုန်းညာဘက်ဘောင်မှာ Fingerprint Reader တစ်ခုလိုလည်း အလုပ်လုပ်နိုင်မယ့် ပါဝါခလုတ်နဲ့ အသံတိုး/လျှော့ခလုတ်တို့ ပါရှိပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၈ လက်မဖြစ်ပြီး FHD+ display နဲ့ လာပါတယ်။ notch ထဲမှာ 8MP selfie ကင်မရာ ထည့်ထားပါတယ်။ ဘက်ထရီပါဝါ 4910mAh ဖြစ်ပြီး Android 10 စနစ်သုံးထားပါတယ်။

5G ရတဲ့ MediaTek Dimensity 720 processor ကိုမှ RAM 8GB/128GB storage အထိ ထွက်ထားပါတယ်။ storage ထပ်တိုးချင်တယ်ဆိုရင်လည်း microSD card slot ကနေ ထပ်တိုးနိုင်မှာပါ။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ 4G LTE ၊ 5G ၊ dual-band WiFi ၊ Bluetooth နဲ့ GPS စနစ်တို့ ပါဝင်သလို 3.5mm headphone Jack နဲ့ USB Type C port လည်း ထည့်ပေးထားပါတယ်။

ကျောဘက်ကင်မရာအိမ်ဟာ Vivo V20 စီးရီးနဲ့ ဆင်ပြီး 48MP နဲ့ 2MP secondary lens ပါရှိပါတယ်။ မီးခိုးရောင် ၊ အဖြူနဲ့ ရောင်ပြေးစိမ်းပြာကာလာတွေ ထွက်ထားပါတယ်။ 6/128 မော်ဒယ်ကို ၁၅၉၈ ယွမ် (မြန်မာငွေ ၃ သိန်း ၃ သောင်းခန့်) နဲ့ 8/128GB မော်ဒယ်ကို ၁၇၉၈ ယွမ် (မြန်မာငွေ ၃ သိန်း ၆ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က