Motorola ဖုန်းတွေကို Rebrand ပြန်ပြောင်းထားတာပါ

Lenovo ရဲ့ တန်ဖိုးနည်း K12 စီးရီး ဖုန်းသစ်တွေ တရုတ်ဈေးကွက်ထဲ ဝင်ရောက်လာပါတယ်။ 

Lenovo K12 နဲ့ K12 Pro တို့ဟာ Motorola ဖုန်းတွေကို ပြန်ပြီး Rebrand လုပ်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက ဥရောပဈေးကွက်ထဲမှာ ကြေညာသွားတဲ့ Moto E7 Plus ကို Lenovo K12 အဖြစ် ၊ Moto G9 Power ကို K12 Pro အဖြစ် တံဆိပ်ပြောင်းပြီး မိတ်ဆက်လိုက်တာပါ။ နှစ်မျိုးစလုံးက ဘက်ဂျက်ဖုန်းတွေ ဖြစ်ပါတယ်။



Photo: Gizchina


Lenovo K12 ဟာ waterdrop notch ပါ ၆.၅ လက်မ HD+ LCD display နဲ့ လာပြီး 8MP selfie ကင်မရာ ပါရှိပါတယ်။ Snapdragon 460 chipset နဲ့ လာပြီး RAM 4GB/64GB storage နဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး Android 10 စနစ် သုံးထားပါတယ်။ ကျောဘက်မှာ Fingerprint reader နဲ့အတူ စတုရန်းပုံစံ ကင်မရာအိမ်ထဲမှာ 48MP + 2MP depth sensor နဲ့ လာပါတယ်။

Lenovo K12 Pro ကတော့ ၆.၈ လက်မ LCD display ပါရှိပြီး punch-hole ကင်မရာဒီဇိုင်း သုံးထားပါတယ်။ 16MP selfie ကင်မရာနဲ့ကျောဘက်ဘယ်ဘေးကပ် စတုရန်းကင်မရာအိမ်ထဲ 64MP primary lens ၊ 2MP macro နဲ့ 2MP depth sensor တို့ ထည့်ထားပါတယ်။ Snapdragon 662 SoC ကိုမှ RAM 4GB/128GB storage ထွက်ထားပါတယ်။

Photo: GSMArena

ဘက်ထရီပါဝါ 6000mAh ဖြစ်ပြီး 20W charging speed နဲ့ လာပါတယ်။ Lenovo K12 ကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၆ သောင်းကျော်) နဲ့ K12 Pro ကို ၉၉၉ ယူရို (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က