Upper mid-ranger ထဲက စိတ်ဝင်စားစရာဖုန်းသစ်တွေပါ

OPPO Reno series ကနေ 90Hz refresh rate နဲ့ အမိုက်စား 65W charging စနစ်ပါ ဖုန်းသစ်နှစ်မျိုး ကြေညာသွားပါတယ်။

OPPO Reno 5 နဲ့ Reno 5 Pro တို့နှစ်မျိုးစလုံးဟာ 5G ဖုန်းတွေ ဖြစ်ပေမယ့် သုံးထားတဲ့ processor ကွာခြားပါတယ်။ နှစ်မျိုးစလုံးကတော့ Android 11 ပေါ် အခြေခံထားတဲ့ ColorOS 11 နဲ့ လာပါတယ်။ OPPO Reno 5 Pro 5G ကတော့ နာမည်အတိုင်း Pro ပိုကျတဲ့ ဖုန်းဖြစ်သလို ဈေးလည်း ပိုမြောက်ပါတယ်။



Photo: The Newzly


နှစ်မျိုးစလုံးဟာ 1080p+ ရုပ်ထွက်ပါ OLED display တွေ ဖြစ်ပြီး 90Hz refresh rate နဲ့ 180Hz touch sampling rate ပါရှိပါတယ်။ Pro မော်ဒယ်ကတော့ brightness 500nits ရှိပြီး ရိုးရိုးမော်ဒယ်ဟာ 430nits နဲ့ ထွက်ထားပါတယ်။ နှစ်မျိုးစလုံးဟာ ဘယ်ဘက်အပေါ်ထောင့် punch-hole ကင်မရာဒီဇိုင်းနဲ့ လာပြီး 32MP selfie sensor ပါရှိပါတယ်။

Face Unlock ရော in-display fingerprint scanner ပါ သုံးနိုင်မှာပါ။ ကျောဘက်ကင်မရာစနစ်အနေနဲ့ EIS ရုပ်ငြိမ်စနစ်ပါ 64MP main module ၊ 8MP ultrawide angle နဲ့ နောက်ထပ် 2MP ကင်မရာနှစ်လုံး သုံးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 4K resolution ကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ 

Reno 5 ဖုန်းသစ်နှစ်မျိုးဟာ 4300mAh ဘက်ထရီနဲ့ လာပြီး 65W SuperVOOC 2.0 charging ပံ့ပိုးထားပါတယ်။ USB Power Delivery စနစ် ၊ 18W QuickCharge chargers များ သုံးနိုင်သလို Reverse charging လည်းပေးနိုင်ပါတယ်။ Pro မော်ဒယ်မှာ ပိုပြီး အဆင့်မြင့်တဲ့ Wireless ချိတ်ဆက်မှုဖြစ်တဲ့ WiFi-6 နဲ့ NFC များပါပေမယ့် 3.5mm headphone jack တော့ မပါရှိပါဘူး။

Photo: GSMArena


Reno 5 Pro 5G ဟာ MediaTek Dimensity 1000+ SoC နဲ့ လာပြီး RAM/Storage အနေနဲ့ 8/128GB နဲ့ 12/256GB ဆိုပြီး နှစ်မျိုးလာပါတယ်။ pre-order မှာမယ်ဆိုရင် အနိမ့်မော်ဒယ်အတွက် ယွမ် ၃၄၀၀ (မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲ) နဲ့ အမြင့် မော်ဒယ်အတွက် ယွမ် ၃၈၀၀ (မြန်မာငွေ ၇ သိန်း ၆ သောင်းခွဲ) ခန့် ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။

Reno 5 5G ကတော့ Snapdragon 765G chipset သုံးထားပြီး memory option ကတော့ Pro မော်ဒယ်အတိုင်း ထွက်ထားပါတယ်။ ယွမ် ၂၇၀၀ (မြန်မာငွေ ၅ သိန်းခွဲခန့်) နဲ့ ယွမ် ၃၀၀၀ (မြန်မာငွေ ၆ သိန်းကျော်) ‌ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ display size အနေနဲ့ရိုးရိုးမော်ဒယ်ဟာ ၆.၄၄ လက်မ ၊ Pro မော်ဒယ်ဟာ ၆.၅၅ လက်မ နဲ့ လာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က