တန်ဖိုးနည်း Android Go ဗားရှင်းဖုန်းပါ

တန်ဖိုးနည်း Android Go ဖုန်းတစ်မျိုးကို ဖင်လန်စမတ်ဖုန်းကုမ္ပဏီ Nokia က ကြေညာလိုက်ပါတယ်။

Nokia ဟာ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီရဲ့ ဈေးအသက်သာဆုံးဖုန်းဖြစ်တဲ့ Nokia C1 ကို မိတ်ဆက်ခဲ့တာပါ။ Nokia C1 ဟာ 3G ဖုန်းဖြစ်ပြီး အသစ်ထွက်လာတဲ့ Nokia C1 Plus ကတော့ 4G မော်ဒယ်ကိုမှ hardware နဲ့ ဆော့ဖ်ဝဲလ်ပိုင်း အဆင့်မြှင့်လာတာ ဖြစ်ပါတယ်။ Nokia C1 Plus ရဲ့ ဈေးနှုန်းကလည်း ဘက်ဂျက်ဖုန်းပီပီ ဈေးပေါပေါနဲ့ပဲ မိတ်ဆက်လိုက်တာပါ။



Photo: GSMArena

Nokia C1 Plus ကို ဈေးအသက်သာဆုံး 4G ဖုန်းလို့ ပြောနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၅.၄၅ လက်မ HD+ display နဲ့ လာပြီး 18:9 aspect ratio သုံးထားပါတယ်။ မတော်တဆလွတ်ကျမှုဒဏ်တွေ ခံနိုင်ရည်ရှိစေဖို့ body တစ်ခုလုံး ပိုလီကာဗွန်နိတ်နဲ့ ဖွဲ့စည်းထားပါတယ်။ Nokia Mobile ကလည်း ဖုန်းကိုယ်ထည်ခံနိုင်ရည်ကို အကြိမ် ၅၀ ကျော် စစ်ဆေးထားတယ်လို့ ဆိုပါတယ်။

ဒီဖုန်းဟာ RAM/Storage နိမ့် entry-level ဖုန်းတွေအတွက် သီးသန့်ထုတ်ထားတဲ့ Android 10 Go စနစ်နဲ့ လာတဲ့ ဖုန်းပါ။ app တွေ ပိုသွက်လက်ပေါ့ပါးလာပြီး storage နေရာပိုဆန့်အောင် ထုတ်ထားတာပါ။ ဓါတ်ပုံစနစ်အနေနဲ့ ဒီဖုန်းဟာ HDR Imaging စနစ်ပါ 5MP selfie ကင်မရာ သုံးထားပါတယ်။



ရှေ့ကင်မရာဟာ မျက်နှာပြင်ဖတ်နည်းပညာ ပံ့ပိုးထားသလို ကင်မရာရဲ့ဘေးမှာ flash တစ်ခုလည်း ထည့်ပေးထားပါတယ်။ ကျောဘက်မှာလည်း အလားတူ HDR Imaging နဲ့ flash ပါ 5MP ကင်မရာတစ်ခု ထည့်ထားပါတယ်။ ဘက်ထရီပါဝါ 2500 mAh ဖြစ်ပြီး တစ်နေ့လုံး အသုံးခံမယ့် ဘက်ထရီဖြစ်တယ်လို့ ကြေညာထားပါတယ်။

Processor အမျိုးအစား မသိရပေမယ့် 1.4GHz Quad-core processor ဖြစ်ပြီး RAM 1GB/16GB storage နဲ့အတူ microSD card ကနေ 128GB အထိ ထပ်တိုးနိုင်မှာပါ။ Nokia C1 Plus ကို အပြာနဲ့အနီ နှစ်ရောင်နဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်း ၆၉ ယူရို (မြန်မာငွေ ၁ သိန်း ၂ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က