တရုတ်ဈေးကွက်မှာ ရောင်းချသွားတာပါ
Nyein Min Wai

Amazfit ကနေ ဘက်ထရီသက်တမ်း ပိုခံပြီး ဈေးသက်သာတဲ့ GTS စီးရီး နာရီသစ်နှစ်လုံး မိတ်ဆက်လိုက်ပါတယ်။

Amazfit ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ GTS 2 နဲ့ GTR 2 ဆိုပြီး စမတ်နာရီသစ်နှစ်မျိုးကို ဖြန့်ချိခဲ့တာပါ။ အခု အသစ်ထပ်ထွက်လာတဲ့ Amazfit GTS 2e နဲ့ GTR 2e တို့မှာ ဘက်ထရီသက်တမ်း ပိုတာရှည်ခံလာပြီး ဈေးလည်း ၂၀% ပိုသက်သာလာပါတယ်။ တစ်ခုရှိတာက WiFi ချိတ်ဆက်မှု မပါတာကြောင့် ဖုန်း Connection ပဲ အားကိုးရမှာပါ။



Amazfit GTS 2e (Photo: GSMArena)

GTS 2e ဟာ Apple Watch နဲ့ ခပ်ဆင်ဆင် တူပြီး လေးထောင့်ဘော်ဒီ နဲ့ screen ပါပြီး ကိုယ်ထည်ညာဘက်ခြမ်းမှာ Crown လို ခလုတ်တစ်ခု ပါရှိပါတယ်။ GTR 2e ကတော့ စက်ဝိုင်းပုံနာရီအိုး ဒီဇိုင်းနဲ့ လာပြီး ညာဘက်ခြမ်းမှာ ခလုတ်နှစ်ခု ပါရှိပါတယ်။ နာရီနှစ်မျိုးစလုံးဟာ OLED screen နဲ့ လာပြီး ၁.၆၅ လက်မ နဲ့ ၁.၃၉ လက်မစီ ရှိပါတယ်။

5ATM ရေစိုခံစနစ်ပါရှိပြီး သွေးတွင်းအောက်ဆီဂျင်တိုင်းတာမှု ၊ နှလုံးခုန်နှုန်း ခြေရာခံခြင်း နဲ့ အားကစား ၆ မျိုးအတွက် Intelligent tracking စနစ်တို့ ထည့်သွင်းထားပါတယ်။ Amazfit GTS 2e ဟာ 246mAh ဘက်ထရီပါရှိပြီး ပုံမှန်အသုံးပြုချိန်မှာ ၁၄ ရက် အသုံးခံပါတယ်။ GTR 2e မှာ 471mAh ဘက်ထရီ သုံးထားပြီး ၂၄ ရက်အထိ သုံးနိုင်မယ်လို့ ဆိုပါတယ်။

Amazfit GTR 2e (Photo: GSMArena)

နာရီနှစ်မျိုးစလုံးကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၆ သောင်းခွဲကျော်) ဈေးနဲ့ တရုတ်မှာ ရောင်းချသွားမှာပါ။



ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က