နိုင်ငံတကာဈေးကွက် ဝင်မယ့်ရက် မသိရသေးပါဘူး
Nyein Min Wai

e-Book ဖတ်သူတို့အတွက် Xiaomi မှ ဈေးသင့်တဲ့ e-reader ထုတ်ကုန်သစ် မိတ်ဆက်လိုက်ပါတယ်။

Xiaomi Mi Reader Pro သစ်ဟာ အရင်ထွက်ခဲ့တဲ့ Mi Reader ကို Upgrade လုပ်ထားတဲ့ မော်ဒယ်ဖြစ်ပြီး Screen ပိုကြီးလာပါတယ်။ E Ink Carta HD display ဟာ Screen ကာလာကိုလည်း Customize လုပ်နိုင်အောင် ထုတ်ထားတာပါ။ စာဖတ်ရ မျက်လုံးပိုပြီး သက်တောင့်သက်သာ ရှိစေဖို့ Screen Color Tone ကို ပတ်ဝန်းကျင်ပေါ်လိုက်ပြီး အလိုအလျောက် ပြောင်းလဲပေးနိုင်ပါတယ်။

Photo: MySmartPrice

display size ၇.၈ လက်မရှိပြီး အလင်းကို ၂၄ ဆင့်နဲ့ တောက်ပမှုပုံစံတွေ ပြောင်းနိုင်ပါတယ်။ Screen resolution အနေနဲ့ 1874 x 1404p ပံ့ပိုးထားပါတယ်။ ဘက်ထရီပါဝါ 3200mAh သုံးထားပြီး standby မှာ ရက်ပေါင်း ၇၀ အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ Android စနစ်အနေနဲ့ Android 8.1 နဲ့ လာပါတယ်။

Quad-core processor ၊ RAM 1GB/16GB နဲ့ RAM 2GB/32GB ဆိုပြီး နှစ်မျိုးထွက်ထားပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ WiFi ၊ Bluetooth 5.0 နဲ့ Xiaomi ရဲ့ ကိုယ်ပိုင် Xiao AI အသံလုပ်ဆောင်ချက်စနစ်တို့ ပါရှိပါတယ်။ စာအုပ်ဖိုင် Format အနေနဲ့ .txt ၊ .epub ၊ .pdf နဲ့ Microsoft Office documents စတဲ့ နာမည်ကြီး format အားလုံး ပံ့ပိုးထားပါတယ်။

Xiaomi Mi Reader Pro ကို အနက်ရောင်တစ်မျိုးတည်းနဲ့ ထုတ်ထားပြီး ပထမဆုံးရောင်းချမှုအနေနဲ့ ယွမ် ၁၀၉၉ (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။ တရားဝင်ဈေးအနေနဲ့ ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခွဲ) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က