Tecno ရဲ့ တန်ဖိုးနည်း ဘက်ဂျက်ဖုန်းပါ

Tecno ရဲ့ နောက်ဆုံးပေါ် ဘက်ဂျက်ဖုန်း Tecno Spark 6 Go ကို အိန္ဒိယဈေးကွက်မှာ ကြေညာလိုက်ပါတယ်။ 

Tecno ရဲ့ ဟန်အတိုင်း တာရှည်ခံဘက်ထရီနဲ့ စိတ်ဝင်စားစရာ features တွေကို ဒီဖုန်းမှာ သုံးထားပါတယ်။ Tecno Spark 6 Go ဟာ waterdrop notch နဲ့ လာပြီး ကျောဘက်မှာ fingerprint scanner နဲ့ ထောင်လိုက် Dual lens တို့ ပါရှိပါတယ်။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ပါကစ္စတန်မှာ ကြေညာသွားတဲ့ Tecno Spark ကို specs လျှော့ထားတာပါ။



Photo: techlekh

မျက်နှာပြင်အရွယ်အစား ၆.၅၂ လက်မ HD display သုံးထားတဲ့ ဒီဖုန်းဟာ 20:9 aspect ratio နဲ့ လာပြီး brightness အနေနဲ့ 480 nits ရှိပါတယ်။ Helio A2 chipset နဲ့အတူ RAM 4GB/64GB storage သုံးထားပါတယ်။ memory ကိုလည်း microSD card ကနေ ထပ်တိုးနိုင်မှာပါ။ ‌ရှေ့ကင်မရာဟာ 8MP selfie ဖြစ်ပါတယ်။

ကျောဘက်မှာ Dual lens စနစ် ဖြစ်တဲ့ 13MP နဲ့အတူ AI lens ၊ LED flash တို့ သုံးထားပါတယ်။ ကင်မရာစနစ်အနေနဲ့ AI HDR ၊ AI Beauty ၊ Bokeh mode နဲ့ Auto Scene Detection စနစ်တွေ ပါရှိပါတယ်။ ဘက်ထရီပါဝါ 5000mAh နဲ့ လာပြီး Android 10 ကို အခြေခံထားတဲ့ HiOS စနစ် သုံးထားပါတယ်။ 

Tecno Spark 6 Go ကို Aqua Blue , Ice Jadeite နဲ့ Mystery White သုံးမျိုးနဲ့ ထုတ်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ ၈၆၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲ‌ကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က