အိန္ဒိယထုတ် ဖုန်းပါတယ်
Nyein Min Wai

လူသိနည်းအိန္ဒိယဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Lava ဟာ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး တန်ဖိုးနည်းဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Lava က ထုတ်လိုက်တဲ့ Lava BeU ဖုန်းဟာ Android GO ဖုန်းဖြစ်ပြီး Rose Pink ကျောဘက်ကာဗာနဲ့ စိတ်ဝင်စားစရာ ဒီဇိုင်းသုံးထားပါတယ်။ ကျောဘက်ကင်မရာအိမ်ထဲမှာ ခရစ္စတယ်ကျောက်လေးတွေနဲ့ အလှဆင်ထားပြီး အောက်ခြေမှာ ပန်းပွင့်ပုံ စပီကာဒီဇိုင်းနဲ့ လာပါတယ်။ ဒီဖုန်းဟာ ကိုယ်ပိုင် built in safety app နဲ့ ထွက်ထားပါတယ်။


Photo: fonearena

မျက်နှာပြင်အရွယ်အစား ၆.၀၈ လက်မဟာ HD display သုံးထားပြီး ဖုန်းအချိုးကိုတော့ 19.5:9 အချိုး ချိုးထားပါတယ်။ processor ဟာ 1.6GHz octa core Unisoc SC9863A processor ဖြစ်ပြီး RAM 2GB ၊ 32GB internal storage သုံးထားပါတယ်။ memory ကို 256GB အထိ ထပ်တိုးနိုင်ဖို့လည်း microSD card support ပေးထားပါတယ်။

Dual SIM အမျိုးအစား ဖြစ်သလို ကျောဘက်မှာလည်း Dual Lens စနစ် ပါရှိပါတယ်။ 13MP + 2MP depth sensor ဖြစ်ပြီး LED flash လည်း ပါရှိပါတယ်။ Fingerprint scanner ကို ကျောဘက်မှာ သုံးထားပါတယ်။ ဆယ်လ်ဖီကင်မရာဟာ 8MP ဖြစ်ပြီး Waterdrop notch ထဲမှာ ထည့်ထားတာပါ။ 

ဘက်ထရီပါဝါ 4060mAh ဟာ microUSB ကနေ အားသွင်းနိုင်မှာပါ။ အိန္ဒိယဈေးကွက်မှာ Lava BeU ကို ၆၈၈၈ ရူပီး (မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်ဈေး) နဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က