အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်တာပါ

ဒီနှစ်ထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ စပြီး ထုတ်လာတဲ့ Realme ဟာ အခုတစ်ခေါက်မှာလည်း နာရီနဲ့ နားကြပ်ထုတ်ကုန်သစ်တွေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Realme ဟာ အိန္ဒိယဈေးကွက်မှာ Watch S Pro ၊ Watch S Master Edition နဲ့ Buds Air Pro Master Edition တို့ကို မိတ်ဆက်သွားတာပါ။ Realme Watch S Pro ဟာ အဝိုင်းပုံစံ နာရီအိုးနဲ့လာပြီး ၁.၃၉ လက်မ AMOLED touchscreen သုံးထားပါတယ်။ 454 x 454p ရုပ်ထွက်ပါရှိပြီး Auto-brightness စနစ် ပါရှိပါတယ်။



Photo: GSMArena

Watch face ဒီဇိုင်း ၁၀၀ ကျော် support ပေးထားတဲ့အပြင် ကိုယ့်ဖုန်းထဲက ကြိုက်ရာပုံကိုလည်း Watch Face အဖြစ် သုံးနိုင်မှာပါ။ နာရီအိုးဟာ SUS316L stainless steel နဲ့ လာပြီး နာရီကြိုးကိုတော့ ဆီလီကွန်နဲ့လယ်သာကြိုးနှစ်မျိုး ထွက်ထားပါတယ်။ နာရီကြိုးကို အစိမ်း ၊ အညို ၊ အပြာနဲ့ အနက် လေးရောင်နဲ့ ရွေးချယ်နိုင်မှာပါ။ 

Watch S Pro မှာ နှလုံးခုန်တိုင်းစောင့်ကြည့်စနစ် နဲ့ သွေးတွင်းအောက်ဆီဂျင် တိုင်းတာနိုင်မယ့် SpO2 sensor တစ်ခု ထည့်ထားပါတယ်။ အိပ်စက်မှု ခြေရာခံစနစ်တွေ ၊ ခြေလှမ်းရေတွက်မှုတွေနဲ့ ရေကူးလေ့ကျင့်ခန်းအတွက်အပါအဝင် Sports Modes ၁၅ မျိုး ထောက်ပံ့ပေးထားပါတယ်။ တခြား features တွေအနေနဲ့ dual-satellite GPS ၊ 5ATM ‌ရေစိုခံမှုနဲ့ Drink Reminder စနစ်တွေလည်း ပါရှိပါတယ်။ 

ဘက်ထရီပါဝါ 420mAh ကြောင့် နှစ်ပတ်အထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ ဈေးနှုန်း ၉၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က