အမိုက်စား Nova ဖုန်းသစ်များ

Huawei Nova စီးရီးကနေ Upper Mid-ranger ဖုန်းသစ်နှစ်မျိုး မိတ်ဆက်လိုက်ပါတယ်။

Huawei 8 နဲ့ Nova 8 Pro တို့ဟာ ဘေးဘောင်ကွေးညွှတ်ထားတဲ့ Curved Edge ဒီဇိုင်းနဲ့ လာပြီး ကျောဘက်မှာ ထူးခြားတဲ့ ကင်မရာအိမ်ဒီဇိုင်း သုံးထားပါတယ်။ Nova 8 နဲ့ Nova 8 Pro တို့ဟာ 6.57 inch နဲ့ 6.72 inch ဆိုဒ် OLED panel တွေနဲ့ လာပါတယ်။ ရိုးရိုးမော်ဒယ်ဟာ 1080p FHD + resolution သုံးထားပြီး 90Hz refresh rate နဲ့ ထွက်ထားပါတယ်။



Photo: Gizmochina


Nova 8 Pro ကတော့ 1236 x2576p FHD resolution နဲ့ လာပြီး 120Hz refresh rate သုံးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 10-bit color depth ၊ DCI-P3 color gamut နဲ့ in-screen fingerprint readers တွေ ပါရှိပါတယ်။ ဒီဇိုင်းပိုင်းမှာ Nova 8 ဟာ single punch-hole ဒီဇိုင်း သုံးထားပြီး Pro မော်ဒယ်ကတော့ dual Selfie ကင်မရာအတွက် ဆေးတောင့်ပုံကင်မရာအိမ် နဲ့ လာပါတယ်။

ဖုန်းနှစ်မျိုးစလုံးဟာ RAM 8GB နဲ့အတူ 128GB / 256 GB တွေပါရှိပြီး Android 10 ကို အခြေခံထားတဲ့ EMUI 11 စနစ်နဲ့ ထွက်ထားပါတယ်။ processor အနေနဲ့ အရင် Nova 7 နဲ့ Honor V30 တို့မှာ သုံးခဲ့တဲ့ Kirin 985 chipset စနစ်ကို သုံးထားပါတယ်။ ကျောဘက်က ဘဲဥပုံကင်မရာအိမ်ထဲမှာ 64MP main sensor ၊ 8MP ultrawide lens ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ထည့်ပေးထားပါတယ်။


Photo: gizchina

Nova 8 မှာ 32MP selfie ကင်မရာ သုံးခဲ့ပြီး Pro model မှာ 32MP အပြင် 16MP ultrawide lens နဲ့ပါ ထွက်ရှိထားပါတယ်။ ရိုးရိုးမော်ဒယ်အတွက် 3800mAh ဘက်ထရီနဲ့ Pro မော်ဒယ်အတွက် 4000mAh ဘက်ထရီတွေ ပါရှိပြီး ဖုန်းနှစ်မျိုးစလုံးဟာ ၃၃ မိနစ်နဲ့ အားအပြည့်သွင်း 66W SuperCharge အားသွင်းနည်းပညာ သုံးထားပါတယ်။ 

ဖုန်းနှစ်မျိုးစလုံးဟာ Dual SIM ၊ 5G ၊ NFC ၊ USB-C နဲ့ Huawei Histen အသံအထူးပြုလုပ်ချက်တွေ ထည့်ပေးထားပါတယ်။ ရိုးရိုးမော်ဒယ်ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၇ သောင်းခန့်) ဈေး ၊ Pro မော်ဒယ်ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်း ၂ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ အရောင်အနေနဲ့ အနက် ၊ ခရမ်း ၊ အစိမ်းနဲ့ ရောင်ပြေးအဖြူ လေးရောင်နဲ့ ဝယ်နိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က