flagship ဖုန်းတစ်လုံးအဖြစ် ပီပီပြင်ပြင် ထွက်ရှိလာတာပါ

Sony ထုတ် high-end image sensor သစ် သုံးထားတဲ့ OPPO Reno ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ ဖြန့်ချိလိုက်ပါတယ်။

OPPO Reno 5 Pro+ 5G ဟာ ပရီမီယံတန်းဝင် စမတ်ဖုန်းဖြစ်ပြီး 90Hz refresh rate ပါ curved display သုံးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မပါရှိပြီး FHD+ display သုံးထားပါတယ်။ ဖုန်း Cooling စနစ်အတွက်လည်း VC Liquid Cooling System ပါရှိမှာပါ။ ရှေ့ဘက် Punch-hole ပေါက်ထဲမှာ 32MP selfie စနစ်နဲ့လာပါတယ်။ 



Photo: gizmochina


ဖုန်းကင်မရာဟာ 2 x 2 pixel တည်ဆောက်ပုံပါ ပတ်လည်ပုံဖမ်းနည်းပညာပါလို့ ပိုပြီး တိကျမြန်ဆန်အောင် Focus ဆွဲနိုင်မှာ ဖြစ်ပါတယ်။ Focus ဖမ်းနေချိန်မှာ ရုပ်ငြိမ်မှုပိုကောင်းစေဖို့ တည်ငြိမ်နေတဲ့ အရာဝတ္ထုပေါ်မှာ Lock ချထားပြီး Video Tracking လုပ်နိုင်မှာပါ။ ကျောဘက်မှာ လေးလုံးတွဲကင်မရာအိမ်ဒီဇိုင်း သုံးထားပါတယ်။

စတုဂံပုံ ကင်မရာအိမ်ထဲမှာ Sony နဲ့အတူ ပူးပေါင်း ဖန်တီးထားတဲ့ 50MP IMX766 sensor နဲ့အတူ ကင်မရာသုံးလုံး သုံးထားပါတယ်။ ဒီ Sensor သစ်ဟာ IMX586 sensor ထက် အလင်းဝင်အားမှာ ၆၈.၃ ရာခိုင်နှုန်း ပိုဖမ်းယူနိုင်တာကြောင့် ပိုပြီးရှင်းလင်းပြတ်သားတဲ့ ပုံတွေ ရိုက်ကူးနိုင်မှာပါ။ ဒီ Sensor နဲ့အတူ 13MP tele lens ၊ 16MP ultra-wide lens နဲ့ 2MP macro lens တို့ သုံးထားပါတယ်။

Photo: my-techspace


OPPO Reno 5 Pro+ 5G ဟာ Snapdragon 865 SoC နဲ့လာပြီး RAM/Storage နဲ့ 12GB/256GB storage အထိ ပါရှိပါတယ်။ ဘက်ထရီပါဝါ 4500mAh ပါရှိပြီး 65W fast charging ပံ့ပိုးထားပါတယ်။ အနက်နဲ့ အဖြူနှစ်ရောင်ပဲ ထွက်ထားပြီး RAM 8GB/128GB Storage ဗားရှင်းကို ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်း ၁ သောင်းခွဲကျော်) နဲ့ RAM 12GB/256GB storage ဗားရှင်းကို ၄၄၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၂ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က