ဈေးပိုသက်သာတဲ့ Mini မော်ဒယ်ပါ

Amazfit ထုတ် GTR 2 နဲ့ GTS 2 တို့ကို အိန္ဒိယဈေးကွက်မှာ ကြေညာပြီးနောက် mini ဗားရှင်းသစ်လည်း ထပ်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Amazfit GTS 2 mini ဟာ Midnight Black နဲ့ Flamingo Pink နှစ်ရောင်နဲ့ ထုတ်ထားပြီး နောက်ပိုင်းမှာ Sage Green မော်ဒယ်လည်း လာမယ်လို့ ဆိုပါတယ်။ လေးထောင့်ပုံနာရီအိုးဟာ ပေါ့ပါးပြီး ပါးလွှားတဲ့ ဒီဇိုင်း သုံးထားပါတယ်။ Screen size ၁.၅၅ လက်မဟာ AlwaysOn AMOLED display အမျိုးအစား ဖြစ်ပြီး watch face ဒီဇိုင်း ၅၀ ကျော် ပါရှိပါတယ်။



Photo: Gadgets And Wearables

ဒီနာရီမှာ sports mode ၇၀ ကျော်ပါရှိပြီး အိပ်စက်မှု ခြေရာခံခြင်း ၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း ၊ သွေးတွင်းအောက်ဆီဂျင်နဲ့ စိတ်ဖိစီးမှုအခြေအနေ တိုင်းတာတဲ့စနစ်တွေလည်း ထည့်ထားပါတယ်။ အမျိုးသမီးတွေအတွက်တော့ ဓမ္မတာစက်ဝိုင်း စောင့်ကြည့်စနစ်တစ်ခုပါ ပါရှိပါတယ်။ Amazfit GTS 2 mini မှာ သီချင်းနဲ့ ကင်မရာထိန်းချုပ်မှုစနစ်လည်း ထည့်ပေးထားပါတယ်။

GPS စနစ်နဲ့ Alexa အသံစနစ်တွေ တစ်ခါတည်းပါလာသလို 5ATM ရေစိမ်ခံနိုင်မယ်လို့လည်း ဆိုပါတယ်။ ဘက်ထရီပါဝါအနေနဲ့ 220mAh ပါဝါသုံးထားပြီး ပုံမှန်အသုံးပြုမှုအတွက် ၁၄ ရက်အထိ အားခံနိုင်မှာပါ။ အိန္ဒိယဈေးကွက်မှာ ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က