Vivo ရဲ့ အမိုက်စား flagship ဖုန်းသစ်နှစ်မျိုးပါ

Vivo ရဲ့ high-end မော်ဒယ်ဖြစ်တဲ့ Vivo X60 series တွေကို တရုတ်နိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။

ဒီဖုန်းနှစ်မျိုးစလုံးဟာ ၆.၅၆ လက်မ 2376 x 1080 AMOLED display နဲ့ လာပြီး 120Hz refresh rate နဲ့ လာပါတယ်။ 5nm Exynos 1080p chipset နဲ့လာပြီး Android 11 ကို အခြေခံထားတဲ့ OriginOS 1.0 သစ် သုံးထားပါတယ်။ Vivo X60 နဲ့ X60 Pro တို့ဟာ ကင်မရာပိုင်း ၊ RAM/storage နဲ့ ဘက်ထရီပါဝါပိုင်းမှာ ကွာခြားမှု ရှိပါတယ်။ 




Photo: Gizmochina

Vivo X60 Pro ဟာ Vivo ရဲ့ 4axis OIS ပါ 48MP Sony IMX598 sensor ကင်မရာ ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ်ရော 2.5 က အရာဝတ္ထုတွေရဲ့ အသေးစိတ်ပုံတွေပါ macro lens အနေနဲ့ ရိုက်ကူးနိုင်မယ့် 13MP ultrawide unit ၊ 13MP 2x 50mm tele နဲ့ 8MP 5x periscope ကင်မရာတို့ တပ်ဆင်ထားပါတယ်။ periscope ကင်မရာဟာ 5x optical zoom နဲ့ 60x superzoom အထိ support ပေးထားပါတယ်။ 

ဘက်ထရီပါဝါအနေနဲ့ 4200mAh ဘက်ထရီပါဝါသုံးထားပြီး 33W charging စနစ် ပံ့ပိုးထားပါတယ်။ memory configuration ပိုင်းမှာ RAM 12GB/256GB storage တစ်မျိုးတည်းပဲ ထွက်ထားတာပါ။ သုံးထားတဲ့ processor ပိုင်းကနေ Screen size အထိက Vivo X60 ဟာ Pro မော်ဒယ်နဲ့ အတူတူဖြစ်ပြီး Display မှာ Vivo X60 ရိုးရိုးဟာ Flat display ဒီဇိုင်းနဲ့ လာပါတယ်။ 

Photo: Gizmochina


Vivo X60 မှာ ကင်မရာစနစ်အနေနဲ့ ကျောဘက်မှာ 48MP main sensor ၊ 13MP 2x tele နဲ့ Ultrawide lens ပဲ သုံးထားပါတယ်။ ဘက်ထရီပါဝါမှာ Pro မော်ဒယ်ထက် 100mAh ပိုကြီးပြီး RAM/storage ကို 8/128GB နဲ့ 8/256GB ဆိုပြီး ထွက်ထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ punch-hole 32MP selfie ကင်မရာ ၊ Under-display လက်ဗွေစနစ် ၊ Dual SIM / Dual-Band Wi-Fi ၊ NFC နဲ့ Bluetooth 5.1 ချိတ်ဆက်မှုတို့ ပါရှိပါတယ်။

ဈေးနှုန်းအနေနဲ့ Vivo X60 ကို ယွမ် 3500 (မြန်မာငွေ ၇ သိန်းကျော်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Pro မော်ဒယ်ကိုတော့ ယွမ် 4500 (မြန်မာငွေ ၉ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ ဒီမော်ဒယ်တွေကို ဇန်နဝါရီ ၈ ရက်နေ့ကနေ စတင်ဖြန့်ချိသွားမှာပါ။ 

Share

Loading Next Article...
က္က