မလေးရှားဈေးကွက်ထဲ ဖြန့်ချိထားပါတယ်
Nyein Min Wai

မြန်မာငွေ ၂ သိန်းအောက်တန် ၂၀၂၁ မော်ဒယ် Vivo Y20 ထွက်လာပါတယ်။

ဒီဖုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မိတ်ဆက်ခဲ့တဲ့ Vivo Y20 ကို နည်းနည်း ပြန်ပြောင်းထားတာပါ။ Vivo Y20 (2021) ဟာ Snapdragon 460 SoC အစား Helio P35 ပြောင်းသုံးလာပါတယ်။ Funtouch OS 11 နဲ့လာပြီး အားသွင်းစနစ်ဟာ 18W အစား 10W charging နဲ့ပဲ ထွက်လာတာ ဖြစ်ပါတယ်။ 

Photo: 91mobiles

တန်ဖိုးနည်းဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း HD+ resolution ပဲ ပါတဲ့ 6.51 လက်မ IPS LCD screen ကို သုံးထားပါတယ်။ waterdrop notch နဲ့လာပြီး notch ထဲမှာ 8MP selfie ကင်မရာ ထည့်ထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲကင်မရာစနစ် ပါရှိပါတယ်။ ကင်မရာတွေအနေနဲ့ 13MP main sensor ၊ 2MP bokeh camera ၊ 2MP macro Lens နဲ့ LED flash တစ်ခုတို့ ဖြစ်ပါတယ်။

တခြား Features တွေအနေနဲ့ dual SIM Slot ၊ microSD card slot ၊ ဘေးဘောင် လက်ဗွေစနစ်နဲ့ microUSB အားသွင်းပေါက်တို့ ပါရှိပါတယ်။ RAM 4GB/64GB storage နဲ့ လာပြီး Dawn White နဲ့ Nebula Blue နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ မလေးရှားရင်းဂစ် 599 (မြန်မာငွေ ၂ သိန်းခန့်) ဈေး သတ်မှတ်ထားပြီး တခြားဈေးကွက်တွေ ဘယ်အချိန် ဝင်မလဲ မသိရသေးပါဘူး။ 

 


ဆက်စပ်အကြောင်းအရာများ


Author


က္က