Upper Mid-range ဖုန်းပါ
Nyein Min Wai

5G ဗားရှင်း Reno5 စီးရီး မိတ်ဆက်ထားတဲ့ OPPO ဟာ 4G မော်ဒယ် OPPO Reno5 သစ်ကို ဗီယက်နမ်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

OPPO Reno5 4G ဟာ သူ့အရင် ထွက်ရှိထားတဲ့ 5G မော်ဒယ်နဲ့ အတော်များများဆင်ပါတယ်။ ဘက်ထရီအားသွင်းစနစ်ပိုင်းနဲ့ Chipset လောက်ပဲ ကွာသွားတာပါ။ 4G မောယ်ဟာ ၆.၄ လက်မ AMOLED panel နဲ့ လာပြီး 90Hz refresh rate နဲ့ 180Hz touch sampling rate တို့ ပါရှိပါတယ်။ 

Photo: 91mobiles


Screen ရုပ်ထွက်ကလည်း 1080p+ ဖြစ်ပြီး Light Mode မှာ sRGB coverage အပြည့်ပေးပါတယ်။ Netflix နဲ့ Amazon Prime video တို့မှာ HD resolution ပံ့ပိုးထားပြီး Dolby Atmos အသံစနစ်နဲ့ ရုပ်ရှင်တွေ ခံစားနိုင်မှာ ဖြစ်ပါတယ်။ punch-hole ထဲမှာ ပါတဲ့ selfie ကင်မရာကို 44MP sensor အဖြစ် မြှင့်တင်ထားပြီး ကျောဘက်ကင်မရာက OPPO Reno5 5G မော်ဒယ်တွေအတိုင်းပဲ ဖြစ်ပါတယ်။ 

ကျောဘက် ထောင်လိုက်စတုဂံကင်မရာအိမ်ထဲမှာ 64MP main module ၊ 8MP ultrawide angle နဲ့ နောက်ထပ် 2MP ကင်မရာနှစ်လုံး သုံးထားပြီး ဓါတ်ပုံနဲ့ ဗွီဒီယိုနှစ်မျိုးစလုံးအတွက် Super Night Mode နဲ့ Live HDR စနစ် ထည့်ပေးထားပါတယ်။ ဗွီဒီယိုအတွက် Screen နှစ်မျိုး ခွဲကြည့်နိုင်တဲ့ Split Screen View ကနေ Dual Exposure စနစ်တွေအထိ ပါရှိပါတယ်။ 

Photo: GSMArena


OPPO Reno 5 4G ဟာ 4300mAh ဘက်ထရီနဲ့လာပြီး 50W charging စနစ် သုံးထားပါတယ်။ Processor ကိုတော့ အရင် Reno 4 4G မှာ သုံးခဲ့တဲ့ Snapdragon 720G SoC ကိုပဲ ဆက်သုံးထားပြီး RAM 8GB / 128GB storage နဲ့ ထွက်ထားပါတယ်။ dual SIM နဲ့ microSD card ကနေ storage ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

ဗီယက်နမ်ဈေးကွက်မှာ ဒီဖုန်းကို ဗီယက်နမ်ဒေါင် ၈၆၉၀၀၀၀ (မြန်မာငွေ ၅ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က