၃၆၀ ဒီဂရီပတ္တာကြောင့် တက်ဘလက်လိုမျိုး ခေါက်လို့လည်း ရမှာပါ

ကမ္ဘာ့ထိပ်တန်း Personal Computer ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Lenovo ဟာ pocket-sized အရွယ် ပုံပြောင်း PC ငယ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။

Lenovo LAVIE MINI ဟာ နာမည်အတိုင်း ၈ လက်မဆိုဒ် WUXGA touch display နဲ့ လာပြီး 1920 x 1200p ရုပ်ထွက်နဲ့ လာပါတယ်။ ဒီမော်ဒယ်အတွက် Lenovo နဲ့ ဂျပန် NEC Corporation အကြား ပူးပေါင်းပြီး ထုတ်လုပ်ထားတာပါ။ Ultra-Mobile Form ပုံစံနဲ့ ဖွဲ့စည်းထားပြီး အလွန်ကြည်လင်ဖြူဖွေးတဲ့ သလင်းကျောက်အဖြူဒီဇိုင်း သုံးထားပါတယ်။ Ultra Portable Pocket Size Windows PC ဆိုတဲ့အတိုင်း အလေးချိန် ၅၇၉ ဂရမ်ပဲ လေးပြီး ၃၆၀ ဒီဂရီပတ္တာကြောင့် တက်ဘလက်လိုမျိုး ခေါက်လို့လည်း ရမှာ ဖြစ်ပါတယ်။



Photo: pcmag

တက်ဘလက် mode အနေအထားမှာ ဂိမ်းကစားသူတွေအနေနဲ့ HQ PC Games တွေ ကစားဖို့အတွက် Gaming Controller တစ်ခု ထည့်ထားတဲ့အပြင် တီဗွီ Screen အကြီးတွေနဲ့ ချိတ်ဆက်ဖို့အတွက် HDMI နဲ့ ချိတ်ဆက်နေရင်း dock တစ်ခုလည်း ထည့်ပေးထားပါတယ်။ Dock မှာ USB Type C / Type A ports တွေ ချိတ်ဆက်နိုင်မယ့် extensions တွေလည်း ထည့်ပေးထားသလို ဘက်ထရီအားသွင်းရာမှာလည်း power boost တစ်ခုလို သုံးနိုင်မှာပါ။

Lenovo LAVIE MINI PC ဟာ စက်ဝိုင်းပုံ ကီးတွေပါတဲ့ ကီးဘုတ်ဒီဇိုင်း သုံးထားပြီး ကီးဘုတ်မှာ Backlit ပါ ထည့်ထားပါတယ်။ ဒီလက်ပ်တော့မှာ Intel ရဲ့ 11th Gen Corei7-1180G7 mobile processor နဲ့ လာပြီး Iris Xe Graphics ပါရှိပါတယ်။တခြား hardware အနေနဲ့ Windows Hello သုံးနိုင်တဲ့ Infrared Camera ၊ RAM 16GB/256GB SSD storage နဲ့ Wi-Fi 6 modem တစ်ခုလည်း ထည့်သွင်းထားပါတယ်။

လောလောဆယ် Lenovo ဟာ LaVie Mini ဖြန့်မယ့်ရက်နဲ့ ရောင်းချမယ့်ဈေး ကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ



က္က