Coolpad ရဲ့ ခပ်မိုက်မိုက် ဘက်ဂျက်ဖုန်းပါ
Nyein Min Wai

တန်ဖိုးနည်းဖုန်းအမှတ်တံဆိပ်တစ်မျိုး ဖြစ်တဲ့ Coolpad ကနေ Dual-Glass ဒီဇိုင်းသုံး ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။

Coolpad ကနေ အသစ်ထွက်လာတဲ့ Cool S ဟာ ခေတ်မီ punch-hole display သုံးထားပြီး ကျောဘက်မှာ လေးလုံးတွဲကင်မရာကင်မရာစနစ် ပါရှိပါတယ်။ screen size အနေနဲ့ ၆.၅၃ လက်မ ရှိပြီး FHD+ LCD display နဲ့ လာတာပါ။ ဖုန်းရဲ့ ဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်ထားပြီး အနက် ၊ အပြာနဲ့ အဖြူရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပါတယ်။ ထူးခြားတာက ရှေ့ရောနောက်ပါ မှန်သုံးထားလို့ ဒီဇိုင်းပိုကြွပြီး သားနားတယ်လို့ ခံစားရမှာပါ။ 

Photo: techsathi


ဘက်ဂျက်ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Helio P60 chipset နဲ့ပဲ လာပါတယ်။ Coolpad Cool S ရဲ့ punch-hole ပေါက်ထဲမှာ 25MP selfie ကင်မရာသုံးထားပြီး နောက်ဘက်ကင်မရာအိမ်ကတော့ ထောင်လိုက်စတုဂံကင်မရာဒီဇိုင်းဖြစ်ပါတယ်။ စတုဂံပုံ ကင်မရာကွက်ထဲမှာ 48MP selfie ကင်မရာ ၊ 8MP ultrawide module ၊ 5MP macro ကင်မရာနဲ့ နောက်ထပ် Depth sensor တစ်ခု ပါရှိပါတယ်။

ဒီဖုန်းမှာ 3.5mm နားကြပ်ပေါက်တစ်ခုလည်း ပါရှိပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဖြစ်ပြီး USB Type C port ကနေ အားသွင်းနိုင်မှာပါ။ RAM 4GB/128GB အတွဲက တန်ဖိုးနည်းဖုန်းဆိုပေမယ့် mid-ranger ပိုဆန်စေတဲ့ အချက် ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 10 ကို သုံးထားပါတယ်။ နီပေါ ဈေးကွက်ထဲ ဝင်ထားတာ ဖြစ်ပြီး နီပေါရူပီး ၂၂၅၉၅ (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က