ဈေးသက်သာတဲ့ 5G ဖုန်းတစ်လုံးအဖြစ် ဈေးကွက်ထဲ ဝင်လာတာပါ

မြန်မာငွေ ၄ သိန်းအောက်တန် တန်ဖိုးနည်း Redmi Note စီးရီး 5G ဖုန်းကို Global ဖြန့်ချိမှုစတင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီဖုန်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာလလောက်က တရုတ်မှာ ကြေညာခဲ့တဲ့ Redmi Note 9 5G ဖုန်းတွေကို Rebrand လုပ်ထားတဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။ Xiaomi ဟာ ဖုန်းတွေကိုတရုတ်ဈေးကွက်အတွက် နာမည်တစ်မျိုး နိုင်ငံတကာအတွက် ဗားရှင်းတစ်မျိုးဆိုပြီး ထုတ်နေကြဖြစ်ပါတယ်။ ဒီတော့ Specs တွေ အားလုံးနီးပါးတူနေတာကလည်း အံ့ဩစရာတော့ မဟုတ်ပါဘူး။




Photo: GSMArena

Redmi Note 9T 5G ဖုန်းသစ်ဟာ မျက်နှာပြင် ၆.၅၃ လက်မ FHD+ LCD screen ပါရှိပြီး အပေါ်မှာ အကြမ်းခံ Gorilla Glass 5 မှန်အုပ်ထားပါတယ်။ ဖုန်းမှန်ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ punch-hole cutout လေးတစ်ခု ထားပေးထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံ ကင်မရာcutout ထဲ ကင်မရာ သုံးလုံးနဲ့ LED တစ်ခု ပါရှိပါတယ်။ ကင်မရာအနေနဲ့ 48MP Quad-Bayer Sensor ၊ 2MP depth sensor နဲ့ 2MP macro lens တို့ ဖြစ်ပါတယ်။ 

ဒီဖုန်းဟာ 7nm MediaTek Dimensity 800U processor သုံးထားတဲ့ 5G ဖုန်းတစ်လုံးဖြစ်ပြီး RAM 6GB ပါရှိပါတယ်။ storage အနေနဲ့ 64GB/128GB တွေ ရွေးနိုင်ပါတယ်။ တရုတ်မော်ဒယ်အတိုင်းပဲ Redmi Note 9T 5G ဟာ မိုးရေအစိုခံနိုင်ပြီး စပီကာနှစ်လုံး သုံးထားပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ်အားသာချက်တစ်ခုက 5000mAh ဘက်ထရီ သုံးထားခြင်းပဲ ဖြစ်ပါတယ်။ ဘက်ထရီအားသွင်းစနစ်ကတော့ 18W charging စနစ် ဖြစ်ပါတယ်။

Redmi Note 9T 5G ဟာ Daybreak Purple ခရမ်းနဲ့ Nightfall Black အနက် နှစ်ရောင်နဲ့ လာပါတယ်။ အနိမ့်မော်ဒယ်ကို ၂၂၉ ယူရို (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က