တန်ဖိုးကြီး Surface Pro ထုတ်ကုန်သစ်ပါ
Nyein Min Wai

Surface Pro 7 ကို Processor သစ်နဲ့ အဆင့်မြှင့်ထားတဲ့ Microsoft Surface Pro 7 Plus သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အသစ်ထုတ်လိုက်တဲ့ Surface Pro 7 Plus ဟာ စီးပွားရေးလုပ်ငန်းနဲ့ ကျောင်းသုံးအဖြစ် ထွက်လာတာ ဖြစ်ပြီး ဒီဇိုင်းနဲ့ Screen ဟာ Surface Pro 7 အတိုင်းပဲ ဖြစ်ပါတယ်။ အတွင်းပိုင်းမှာပါတဲ့ Hardware တွေဖြစ်တဲ့ Processor ၊ ဘက်ထရီ ၊ SSD နဲ့ ကွန်ရက်ချိတ်ဆက်မှုမှာ အဆင့်မြှင့်ထားပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး Surface Pro lineup မှာ LTE ချိတ်ဆက်မှု ပြန်ပါလာတာ ဖြစ်ပါတယ်။

Photo: The Verge


တစ်ခုရှိတာက ဒီမော်ဒယ်မှာ 5G ကွန်ရက်ချိတ်ဆက်မှု မပါသေးပါဘူး။ Qualcomm ရဲ့ Snapdragon X20 LTE modem ကိုပဲ ဆက်သုံးထားပါတယ်။ မော်ဒယ်အနေနဲ့ Intel Core i3 (1115G4) ကနေ Intel Core i7 (1165G7) ဆိုပြီး မော်ဒယ်တွေ အမျိုးမျိုးထွက်ထားပါတယ်။ Intel Core i5 (1135G7) မော်ဒယ်မှာပဲ LTE ပါတာ ဖြစ်ပြီး သူ့ကို ၁၁၄၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Base Model ဖြစ်တဲ့ Intel Core i3 မော်ဒယ်ဟာ RAM 8GB/128GB storage နဲ့လာပြီး ၈၉၉ ဒေါ်လာ (မြန်မာငွေ ၁၂ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ RAM 32GB/1TB SSD storage အထိ ပါတဲ့ Core i7 မော်ဒယ်ဟာ ၂၇၉၉ ဒေါ်လာ (မြန်မာငွေ ၃၇ သိန်းခွဲခန့်) ဈေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Surface Pro 7 Plus ဟာ အရင် 46.5Wh ကနေ 50.4Wh ဘက်ထရီအကြီး သုံးလာပြီး Intel Core processor သစ်ကြောင့် ဘက်ထရီသက်တမ်းဟာ ၁၅ နာရီအထိ အားခံမယ်လို့ ဆိုပါတယ်။ 

မျက်နှာပြင်အရွယ်အစားအနေနဲ့ Plus မော်ဒယ်သစ်မှာလည်း ၁၂.၃ လက်မ (2736 x 1824p) PixelSense display နဲ့ လာပါတယ်။ port တွေအနေနဲ့ USB-C port တစ်ခု ၊ USB-A port တစ်ခု ၊ 3.5mm headphone jack နဲ့ Surface Connect port တို့ ပါရှိပါတယ်။ WiFi only မော်ဒယ်တွေမှာ MicroSDXC card reader တစ်ခု ပါရှိမှာ ဖြစ်ပြီး Core i5 မော်ဒယ် LTE ဗားရှင်းဟာ nano SIM နဲ့ပဲ လာတာ ဖြစ်ပါတယ်။


Photo: Engadget

LTE မော်ဒယ်ဟာ physical SIM cards ရော eSIM တွေနဲ့ပါ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဖြုတ်နိုင်တပ်နိုင်တဲ့ Removable SSD နဲ့လာတာ ဖြစ်လို့ ဒီ SSD ကို Surface Pro X ၊ Surface Laptop 3 တို့မှာပါ သွားသုံးနိုင်မှာပါ။ Microsoft Surface Pro 7 Plus ကို လာမယ့် ဇန်နဝါရီ ၁၅ ရက်နေ့ကစပြီး အမေရိကန်ဈေးကွက်မှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ အမေရိကန်အပြင် ကနေဒါ ၊ ဩစတြေးလျ ၊ နယူးဇီလန် ၊ ယူကေနဲ့ ဥရောပနိုင်ငံတွေမှာလည်း ရောင်းချသွားမှာပါ။ 


Author


က္က