ဈေးသက်သာတဲ့ 5G ဖုန်းသစ်

တန်ဖိုးနည်း 5G တွေအတွက် Qualcomm ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Snapdragon 480 5G မိုဘိုင်းလ်ပလက်ဖောင်း သုံးလာတဲ့ ဖုန်းသစ်တစ်မျိုးကို OPPO က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Qualcomm Snapdragon 480 5G processor သုံး စမတ်ဖုန်းသစ်တွေကို ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း Vivo ၊ OPPO ၊ Xiaomi နဲ့ တခြားဖုန်းကုမ္ပဏီတချို့ကနေ ထုတ်လုပ်သွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။ ကမ္ဘာ့ပထမဆုံး Snapdragon 480 SoC သုံး Vivo Y31s 5G စမတ်ဖုန်းကို ပြီးခဲ့တဲ့ တစ်ပတ်ကပဲ တရုတ်ဈေးကွက်မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ OPPO ကလည်း အလားတူ တန်ဖိုးနည်း 5G ဖုန်းတစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။



Photo: pchome


OPPO A93 5G ဟာ ၆.၅ လက်မ အရွယ်အစားရှိပြီး Punch-hole ဒီဇိုင်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ LCD screen အမျိုးအစားဖြစ်ပြီး 90Hz refresh rate ပါရှိပါတယ်။ punch-hole ထဲမှာ သုံးထားတဲ့ ကင်မရာဟာ 8MP selfie ကင်မရာ ဖြစ်ပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံကင်မရာအိမ်နဲ့ 48MP main sensor ၊ 2MP portrait lens နဲ့ 2MP macro lens ဆိုပြီး ကင်မရာ ၃ လုံးတွဲစနစ် ပါရှိပါတယ်။ 

Snapdragon 480 SoC ဟာ RAM 8GB နဲ့ လာပြီး internal storage အနေနဲ့ 128GB နဲ့ 256GB storage ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ storage ထပ်မြှင့်ချင်သူတွေအတွက်လည်း microSD card slot တစ်ခု ထည့်ပေးထားပါတယ်။ OPPO A93 5G မှာ 5000 mAh ဘက်ထရီ ပါရှိပြီး 18W fast charging အားသွင်းစနစ် ပံ့ပိုးထားပါတယ်။ ဖုန်းလုံခြုံရေးအနေနဲ့ ဘေးဘောင် လက်ဗွေစနစ်နဲ့ Face Unlock စနစ်တို့ ပါရှိပါတယ်။

OPPO A93 5G ကို ငွေရောင် ၊ အနက်ရောင်နဲ့ ရောင်ပြေး Auroraရောင် သုံးမျိုးနဲ့ ထွက်ထားပါတယ်။ အနိမ့်ဆုံးမော်ဒယ် RAM 8GB/128GB storageရဲ့ဈေးနှုန်း မသိရသေးပေမယ့် အမြင့်မော်ဒယ် RAM 8GB/256GB storage ဗားရှင်းကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က