မြန်မာငွေ ၁၀ သိန်းကျော် ဈေးကနေ စတင်ရောင်းချသွားမှာပါ
Nyein Min Wai

Dual Main ကင်မရာနဲ့ Snapdragon 888 SoC သစ်သုံးလာတဲ့ Vivo ဖုန်းသစ် ထွက်လာပြီ ဖြစ်ပါတယ်။

Vivo X60 Pro+ ဟာ High-grade လယ်သာ ကာဗာနဲ့ လာပြီး Phantom Blue နဲ့ Classic Orange နှစ်ရောင် ထွက်ထားပါတယ်။ Wireless charging စနစ်တော့ ပါလာခြင်း မရှိသေးပါဘူး။ ဘက်ထရီပါဝါ 4200mAh ပါဝါဖြစ်ပြီး USB-C port ကနေ 55W charging ပံ့ပိုးထားပါတယ်။ ဒီဇိုင်းပိုင်းကတော့ တရားဝင် မိတ်ဆက်မှုမလုပ်ခင် ပေါက်ကြားခဲ့တဲ့ ဒီဇိုင်းအတိုင်းပဲ ထွက်လာတာ ဖြစ်ပါတယ်။



Photo: GSMArena

Screen ဟာ မျက်နှာပြင် ၆.၅၆ လက်မ ဖြစ်ပြီး 1080x2376p ရုပ်ထွက်နဲ့ လာပါတယ်။ HDR10 နဲ့ HDR 10+ support ပေးထားပြီး touch sampling rate 240Hz နဲ့ 120Hz refresh rate တို့ ပါရှိပါတယ်။ dual SIM support ပေးထားတဲ့ ဖုန်းဖြစ်ပြီး in-display လက်ဗွေစနစ်နဲ့ Face Unlock နည်းပညာတွေ ပါရှိပါတယ်။ Processor အနေနဲ့Qualcomm ရဲ့ နောက်ဆုံးထွက် အမြင့်စား Snapdragon 888 SoC ၊ LPDDR5 RAM 8GB/12GB တို့ ပါရှိပါတယ်။ RAM 12GB ဗားရှင်းမှာ storage 3GB ကို ထပ်လောင်းအပို RAM အနေနဲ့ သုံးနိုင်မယ့် Memory Fusion နည်းပညာ ပါရှိပါတယ်။

Storage ကိုတော့ 128GB နဲ့ 256GB storage ဗားရှင်းတွေနဲ့ လာပါတယ်။ ရှေ့ မှန်ပြင်အပေါ်ဘက် အလယ်မှာ ရှိတဲ့ Punch-hole ကင်မရာထဲမှာ 32MP f/2.45 sensor သုံးထားပါတယ်။ ကျောဘက်မှာ ကင်မရာ lens တွေကနေ အလင်းထွင်း ZEISS T* coating နာနို ခရစ္စတယ်လိုင်း တည်ဆောက်မှုစနစ် သုံးထားပြီး ကင်မရာအိမ်ထဲမှာ main sensor ကင်မရာနှစ်လုံး အပါအဝင် ကင်မရာ ၄ လုံး ပါရှိမှာ ဖြစ်ပါတယ်။ ကင်မရာလေးလုံးစလုံးဟာ AF Autofocus နဲ့ Video ရုပ်ငြိမ်စနစ်တွေ ပံ့ပိုးထားပါတယ်။ video recording အနေနဲ့ 8K record ရိုက်နိုင်သလို 1080p အထိ slow-mo video တွေ ရိုက်နိုင်မှာပါ။

Photo: GSMArena


ပထမ main ကင်မရာဟာ 4-axis OIS ပါ ၁၁၄ ဒီဂရီ ultrawide angle Sony IMX598 48MP ကင်မရာ ဖြစ်ပြီး ဒုတိယ main ကင်မရာဟာ 1/1.3 sensor size အကြီးနဲ့ လာတဲ့ 50MP Samsung GN1 sensor ဖြစ်ပါတယ်။ ဒီကင်မရာနဲ့အတူ 50mm focal length ပါ 32MP portrait ကင်မရာ နဲ့ OIS ပါ 5x optical zoom ၊ 60x super zoom ပါ 8MP periscope ကင်မရာတို့ သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 11 ကို အခြေခံထားတဲ့ OriginOS 1.0 နဲ့ လာပါတယ်။

Vivo X60 Pro+ ရဲ့ အနိမ့်ဗားရှင်း (RAM 8GB/128GB storage) ဟာ ယွမ် ၅၀၀၀ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး RAM 12GB/256GB storage ကို ယွမ် ၆၀၀၀ (မြန်မာငွေ ၁၂ သိန်းကျော်) ဈေးသတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က