Go Edition တန်ဖိုးနည်းဖုန်းပါ

တန်ဖိုးနည်းဘက်ဂျက်ဖုန်းကုမ္ပဏီ Infinix ကနေ ဈေးနည်းပြီး ဘက်ထရီပါဝါကြီးတဲ့ ဖုန်းတစ်လုံး ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Infinix Hot 10 Play ကို ပါကစ္စတန်နဲ့ ဖိလစ်ပိုင်ဈေးကွက်တွေမှာ ကြေညာသွားတာ ဖြစ်ပါတယ်။ ဒီမော်ဒယ်ဟာ Android 10 (Go Edition) ကို အခြေခံထားတဲ့ XOS 7.0 OS နဲ့ လာပါတယ်။ waterdrop notch ဒီဇိုင်းနဲ့လာပြီး ကျောဘက်မှာ fingerprint reader ပါရှိပါတယ်။ Screen size ၆.၈၂ IPS screen နဲ့လာပြီး screen resolution ဟာ HD+ ရုပ်ထွက် ဖြစ်ပါတယ်။ 



Photo: GSMArena

notch ထဲမှာ 8MP selfie ကင်မရာ သုံးထားပါတယ်။ ကိုယ်ထည်ကျောဘက် Panel ဟာ ရောင်ပြေးကာလာဒီဇိုင်းနဲ့ ကင်မရာအိမ်ထဲမှာ Dual Camera Setup သုံးထားပါတယ်။ 13MP main sensor နဲ့ AI Lens တစ်ခုပါရှိပါတယ်။ ဘက်ထရီပါဝါဟာ 6000mAh ဖြစ်ပြီး micro-USB ကနေ 10W charging စနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါ သက်တမ်းခံစေဖို့ Power Marathon Tech နည်းပညာ ထောက်ပံ့ထားတဲ့ Ultra Power Mode တစ်ခု ပါရှိတာကြောင့် ဘက်ထရီအား ၅% ကျန်ချိန်မှာ ဘက်ထရီကို ၁၉ နာရီကြာအောင် သုံးနိုင်မယ်လို့ ဆိုပါတယ်။

Infinix Hot 10 Play ဟာ Helio G25 SoC သုံးထားပြီး RAM 2GB/32GB နဲ့ RAM 4GB/64GB storage ဗားရှင်းတွေနဲ့ ထွက်ထားပါတယ်။ storage ထပ်မြှင့်နိုင်ဖို့ microSD card slot ကနေ 512GB အထိ ထပ်မြှင့်နိုင်မှာပါ။ အရောင်အနေနဲ့ Aegean Blue ၊ Morandi Green ၊ Obsidian Black နဲ့ 7° Purple ကာလာတွေနဲ့ ထွက်ထားပါတယ်။ ပါကစ္စတန်ဈေးကွက်မှာ RAM 2GB/32GB storage မော်ဒယ်ဟာ ပါကစ္စတန်ရူပီး ၁၆၉၉၉ (မြန်မာငွေ ၁ သိန်း ၄ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။  


ဆက်စပ်အကြောင်းအရာများ



က္က