အမိုက်စားကင်မရာနဲ့ high-end features တွေ ပါတဲ့ တန်ဖိုးသင့်ဖုန်းတွေ

ဟောင်ကောင်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Infinix Mobile ကနေ အဆင့်မြင့် ကင်မရာစနစ်တွေ ပါဝင်တဲ့ တန်ဖိုးသင့်ဖုန်းသုံးမျိုး ကြေညာလိုက်ပါတယ်။

           Entry-Level နဲ့ Mid-Range ဖုန်းတွေ ထုတ်လုပ်တဲ့ Infinix ကနေ Zero X series ဖုန်းသစ် သုံးမျိုး ဖြစ်တဲ့ Infinix Zero X ၊ Zero X Pro နဲ့ Zero X Neo တို့ကို မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ ဒီဖုန်းသုံးမျိုးရဲ့ ထူးခြားချက်က အမိုက်စားကင်မရာရိုက်ချက်တွေ ရိုက်ကူးနိုင်မယ့် ဓါတ်ပုံနည်းပညာတွေ သုံးလာတာပဲ ဖြစ်ပါတယ်။ 5x optical နဲ့ 60x digital ဆွဲရိုက်နိုင်မယ့် ပယ်ရီစကုပ်ကင်မရာစနစ်က Infinix ဖုန်းသစ်တွေရဲ့ဆွဲဆောင်မှုလို့ ဆိုနိုင်ပါတယ်။



           ကင်မရာနည်းပညာမှာ လရဲ့ ပုံရိပ်ကို ဖမ်းယူချိန် ကင်မရာကို ထိန်းချုပ်ပေးပြီး ရုပ်ထွက်ကို ရှင်းအောင် process ပြန်လုပ်နိုင်မယ့် Galileo Engine တပ်ဆင်ထားပါတယ်။ ဖုန်းသုံးမျိုးမှာ သုံးထားတဲ့ Main ကင်မရာချင်း မတူပေမယ့် အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ Infinix Zero X Pro မှာဆို Optical Image Stabilization (OIS) ပါတဲ့ 108MP sensor သုံးထားပါတယ်။ ကျန်တဲ့ Zero X နဲ့ Zero X Neo တို့မှာ 64MP main sensor (with OIS) နဲ့ 48MP main sensor (without OIS) တို့နဲ့ လာပါတယ်။


Photo: theswitzerlandtimes


           ဖုန်းသုံးမျိုးစလုံးမှာ OIS ပါ 8MP periscope ကင်မရာ နဲ့ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်သလို macro shooter လိုလည်း သုံးနိုင်တဲ့ 8MP ultrawide lens လည်း ပါရှိပါတယ်။ ရှေ့မှာတော့ dual LED flash နဲ့အတူ 16MP selfie ကင်မရာတစ်ခု သုံးထားပါတယ်။ နောက်ထပ် ဖုန်းသုံးမျိုးစလုံးမှာ တူတဲ့အချက်က MediaTek ရဲ့ HelioG95 SoCနဲ့ လာတာပဲ ဖြစ်ပါတယ်။ HelioG95 SoCက display တစ်ခုကို 90Hz refresh rate အထိ support ပေးပါတယ်။

           ဒါပေမယ့် Infinix Zero X နဲ့ X Pro တို့ကတော့ MediaTek ရဲ့ Intelligent Display chipset ကို သုံးထားလို့ 120Hz refresh rate နဲ့ 240Hz touch sampling rate အထိ ပါဝင်လာပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးဟာ ၆.၆၇ လက်မ AMOLED display သုံးထားတာပါ။ Neo မော်ဒယ်ကတော့ ၆.၇၈ လက်မ LCD display နဲ့ လာပြီး 90Hz refresh ပါရှိပါတယ်။ ဘက်ထရီပါဝါမှာလည်း Infinix Zero X Neo ဟာ 18W charging ရတဲ့ 5000mAh ဘက်ထရီနဲ့လာပါတယ်။



Photo: GSMArena


           Zero X နဲ့ X Pro တို့ကတော့ 45W fast charging ပါတဲ့ 4500mAh ဘက်ထရီ သုံးထားတာပါ။ ဖုန်းအားလုံးဟာ Android 11 ကို အခြေခံထားတဲ့ XOS 7.6 နဲ့လာပြီး Pro မော်ဒယ်ဟာ 128GB/256GB options တွေနဲ့ ဝယ်နိုင်မှာ ဖြစ်တဲ့ Zero X နဲ့ Zero X Neo တို့ကတော့ 128GB ပဲ ထွက်ထားပါတယ်။ ဖုန်းသုံးမျိုးစလုံးဟာ RAM 8 GB နဲ့ ထွက်ထားပြီး နိုင်ဂျီးရီးယား ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊အီဂျစ်နဲ့ တခြားဈေးကွက်တွေကို တင်ပို့သွားမှာပါ။

           တခြားဈေးကွက်တွေ ဖြန့်ဖို့ အစီအစဉ်ရှိမရှိ မသိရသေးသလို‌ ဈေးနှုန်းကိုလည်း နိုင်ငံအလိုက် ခွဲခြားပြီး သတ်မှတ်သွားဖို့ ရှိပါတယ်။ GSMArena ကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်က စနိုင်တယ်လို့ မှန်းထားပါတယ်။  


ဆက်စပ်အကြောင်းအရာများ



က္က