တောင်ကိုရီးယား ဈေးကွက်ထဲ မိတ်ဆက်ထားပါတယ်

LG ရဲ့ အမှတ်တံဆိပ်သစ် LG Velvet ကတော့ flagship ဈေးနဲ့ ထွက်လာတဲ့ mid-range ဖုန်းလို့ ဆိုရမှာပါ။

LG Velvet ဟာ LG ရဲ့ စမတ်ဖုန်းဈေးကွက်ကို ဆွဲဆောင်နိုင်ဖို့အတွက် ဖန်တီးမိတ်ဆက်လိုက်တဲ့ ကုန်အမှတ်တံဆိပ်သစ် ဖြစ်ပါတယ်။ ဖုန်းအချက်အလက်တွေအနေနဲ့ ထွက်ထားတဲ့ သတင်းတွေအတိုင်းပဲ ဖြစ်ပါတယ်။ Velvet ဖုန်းသစ်ဟာ mid-range processor ဖြစ်တဲ့ Snapdragon 765 chipset နဲ့ ထွက်လာတာပါ။ 



Photo: Android Authority

U ပုံစံ notch သုံးထားပြီး ၆.၈ လက်မ Cinema FullVision display နဲ့ လာပါတယ်။ OLED display အမျိုးအစားဟာ Dual Screen လုပ်ဆောင်ချက် ပံ့ပိုးထားပါတယ်။ LG Velvet ဟာ ဒီဇိုင်းဆန်းသစ်ထားတဲ့ ဖုန်းဖြစ်ပြီး ကျောဘက်မှာ ရေစက်ပုံစံ Waterdrop ‌သုံးလုံးတွဲကင်မရာနဲ့ လာပါတယ်။ display ဘေးဘောင်တွေ ကွေးညွှတ်ထားတဲ့ ဒီဇိုင်းကို 3D Arc design လို့ LG က နာမည်ပေးထားပါတယ်။

LG flagship ဖုန်းတွေအတိုင်း IP68 rating ရေစိုခံတဲ့အပြင် မတော်တဆလွတ်ကျမှုတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်တွေမှာ ခံနိုင်ရည်ရှိစေမယ့် MIL-STD 810G ထောက်ခံချက် ရထားပါတယ်။ မှန်ပြင်အောက် လက်ဗွေနည်းပညာပါရှိပြီး Styles သုံးနိုင်အောင်လည်း ပံ့ပိုးထားပါတယ်။ LG Velvet ဟာ လိမ္မော် ၊ အစိမ်း ၊ အနက် နဲ့ အဖြူ ကာလာတွေနဲ့ ထွက်ထားပါတယ်။


Photo: Android Authority

ကျောဘက်မှာ 48MP primary ကင်မရာ ၊ 8MP Ultra-Wide ကင်မရာနဲ့ 5MP depth sensor သုံးလုံး ပါရှိပါတယ်။ primary sensor ဟာ Sony IMX 586 sensor ဖြစ်ဖို့ ရှိပါတယ်။ ရုပ်သံရိုက်ကူးမှုအနေနဲ့ နောက်ခံရုပ် Noises တွေ နဲ့ အသံတွေကို သီးသန့်ခွဲထုတ်နိုင်တဲ့ Voice Out Focus လုပ်ဆောင်ချက်တစ်ခုလည်း ပါရှိပါတယ်။

ရှေ့ဘက်မှာ 16MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး မလိုအပ်တဲ့ ဘက်ထရီပါဝါသုံးစွဲမှု လျှော့ချပေးနိုင်မယ့် Low-Power Software algorithm ပါ 4300mAh ဘက်ထရီ သုံးထားပါတယ်။ ဘက်ထရီဟာ ကြိုးမဲ့ အမြန်အားသွင်းနည်းပညာ ပံ့ပိုးထားပြီး RAM 8GB/128GB storage ထွက်ထားပါတယ်။ LG Velvet ကို တောင်ကိုရီးယားဈေးကွက်မှာ ဝမ် ၈၉၉၈၀၀ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က