Wireless Charging စနစ်ပါ ပါလာပါတယ်

အဆင့်မြှင့်ထားတဲ့ ၈ လက်မ တက်ဘလက် Fire HD 8 စီးရီး မော်ဒယ်သုံးမျိုးကို Amazon က ထုတ်ထားပါတယ်။

Amazon ဟာ Fire HD 8/8 Plus နဲ့ HD 8 Kids Edition ဆိုပြီး သုံးမျိုး ထုတ်ထားတာပါ။ ကလေးတွေအတွက် ထုတ်ထားတဲ့ မော်ဒယ်ကတော့ အထူးအကာ Case နဲ့ လာပါတယ်။ တက်ဘလက်သုံးခုလုံးဟာ ပိုမိုမြန်ဆန်လာတဲ့ chipset ၊ ထပ်တိုးထားတဲ့ RAM နဲ့ USB-C ချိတ်ဆက်မှု ပံ့ပိုးထားတာပါ။




Photo: The Verge

Fire HD 8 တက်ဘလက်တွေမှာ သိသာတဲ့ အပြောင်းအလဲကြီးတစ်ခုက အရင်မျိုးဆက် တက်ဘလက်ထက် ၃၀% စွမ်းဆောင်ရည် ပိုကောင်းလာတဲ့ Quad-core CPU သစ် သုံးထားတာပဲ ဖြစ်ပါတယ်။ processor သစ်ရဲ့ မြန်နှုန်းဟာ အရင် 1.3GHz ကနေ 2.0GHz အထိ ရှိလာတာပါ။ ရိုးရိုး Fire HD 8 ဟာ RAM ပမာဏကို ၂၀၁၈ မော်ဒယ်မှာ သုံးတဲ့ 1.5GB ကနေ 2GB အထိ တိုးလာပါတယ်။

storage ကိုလည်း အရင် 16GB ၊ 32GB ကနေ နှစ်ဆတိုးထုတ်ထားသလို microSD card ကနေလည်း နောက်ထပ် ထပ်ဆောင်း 1TB အထိ တိုးနိုင်အောင် ပံ့ပိုးထားပါတယ်။ Fire HD 8 Plus ကတော့ RAM 3GB အထိ တိုးမြှင့်ထားပါတယ်။ USB-C ကြောင့် အားသွင်းရ ပိုမိုမြန်ဆန်လာပြီး Plus မော်ဒယ်မှာ ကြိုးမဲ့အားသွင်းစနစ်ပါ ပံ့ပိုးလာပါတယ်။


Photo: arstechnica

Amazon ဟာ ဂိမ်ကစားနေစဉ် တစ်ခြား app တွေကနေ noti တက်လာတာကို ပိတ်ပေးထားမယ့် Game Mode သစ်လည်း ထည့်ထားပါတယ်။ display ကတော့ အပြောင်းအလဲ မရှိဘဲ 1280 x 800 pixels ကိုပဲ ဆက်သုံးထားပါတယ်။ Fire HD 8 တက်ဘလက်တွေဟာ အဖြူ ၊ အနက် ၊ အပြာနဲ့ ခရမ်းညိုကာလာတွေ နဲ့ လာပါတယ်။

ရိုးရိုးမော်ဒယ် Fire HD 8 ဟာ ဒေါ်လာ ၉၀ (မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) ကျသင့်ပြီး Fire HD 8 Plus ကတော့ ဒေါ်လာ ၁၁၀ (မြန်မာငွေ ၁ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က