စမတ်စပီကာ‌ဈေး မသိရသေးပါဘူး

Huawei P series ဖုန်းသစ် မိတ်ဆက်မှုနဲ့အတူ ကုမ္ပဏီရဲ့ ပထမဆုံး Wireless စမတ်စပီကာသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

စမတ်စပီကာဈေးကွက်မှာ တစ်ခြားဖုန်းကုမ္ပဏီတွေ ကြီးစိုးနေချိန် Huawei ကလည်း ကုမ္ပဏီရဲ့ ပထမဆုံး ထုတ်ကုန်ကို စတင်မိတ်ဆက်လာတာပါ။ Sound X wireless speaker သစ်ကို ပြင်သစ်နိုင်ငံ အသံနည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Devialet နဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။



Photo: Android Authority


Devialet ရဲ့ မူပိုင်ခွင့်နည်းပညာဖြစ်တဲ့ Speaker Active Matching (SAM) signal-processing နဲ့ စပီကာရဲ့ တုန်ခါမှုကို လျှော့ချပေးမယ့် Push-Push စပီကာဒီဇိုင်း သုံးထားပါတယ်။ Sound X ဟာ ၃၆၀ ဒီဂရီ ပတ်ပတ်လည် Hi-Res အသံစနစ်ပါပြီး EMUI 10.1 ပါတဲ့ Huawei ဖုန်းတွေနဲ့ ကြိုးမဲ့နည်းနဲ့ music streaming လုပ်နိုင်မယ့် Huawei Share နည်းပညာ ပါရှိပါတယ်။

စမတ်ဖုန်းတွေနဲ့ Sound X ကြိုးမဲ့စပီကာအကြား WiFi Direct နဲ့ Bluetooth နည်းပညာတွေကနေ တစ်ဆင့် အသံတွေ share နိုင်ပေမယ့် ကုမ္ပဏီကတော့ Huawei Share နဲ့ ချိတ်ဖို့ တိုက်တွန်းထားပါတယ်။ Huawei ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်စပီကာနဲ့အတူ Sporty ဗားရှင်း Huawei Watch GT 2e စမတ်နာရီသစ်ကို မိတ်ဆက်ခဲ့ပါတယ်။


Photo: phonearena

Huawei Watch GT 2e ဟာ 455mAh ဘက်ထရီနဲ့ လာပြီး ပုံမှန်အသုံးပြုချိန်မှာ ၁၄ ရက်အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ စက်ဝိုင်းပုံ AMOLED display နဲ့ လာပြီး storage 4GB ၊ Huawei HiSilicon Hi1132 processor နဲ့ Bluetooth 5.1 နည်းပညာတို့ ပါဝင်ပါတယ်။ 

Huawei Watch GT 2e ကို ဧပြီလထဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး ၁၀၀ ယူရို (မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ Huawei စမတ်စပီကာရဲ့ ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက်တော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က