Snapdragong 710 Processor သုံးထားတာပါ

ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ mid-ranger ဖုန်းသစ်တွေရဲ့ အရည်အသွေးကလည်း တက်လာခဲ့ပြီ ဖြစ်ပါတယ်။

         သတင်းတွေအမျိုးမျိုး ကြားခဲ့ပြီးတဲ့နောက် တရားဝင်ထွက်လာပြီ ဖြစ်တဲ့ OPPO K3 ဟာ ပိုပြီး စိတ်ဝင်စားစရာ features တွေ ပါလာပါတယ်။ Full Screen display ဒီဇိုင်းနဲ့လာတဲ့ ဒီဖုန်းဟာ pop up ကင်မရာသုံးပြီး ဖုန်း ရှေ့ခြမ်း ဒီဇိုင်းကို မှန်ပြင်ပြည့်ဖြစ်အောင် ပြောင်းထားပါတယ်။ Samsung ထုတ် Super AMOLED display နဲ့လာတဲ့ OPPO K3 ဟာ မျက်နှာပြင် ၆.၅ လက်မရှိပြီး display အောက်မှာ ဆဌမမျိုးဆက် fingerprint scanner ထည့်သွင်းထားပါတယ်။



Photo: News18

         ကိုယ်ထည်အချိုး 19.5:9 ratio သုံးထားပြီး display ဟာ FHD+resolution ဖြစ်တဲ့ 2340x1080p ပါရှိပါတယ်။ အရင်၂ နှစ် ၃ နှစ်လောက်က OLED display သုံးတဲ့ ဖုန်းဆိုရင် လက်ချိုးရေလို့ရပေမယ့် အခုတော့ mid-ranger တစ်ချို့မှာပါ သုံးနိုင်ပြီ ဖြစ်ပါတယ်။ OPPO K3 မှာလည်း Samsung ရဲ့ Super AMOLED display သုံးထားတာ ဖြစ်လို့နောက်ခံအလင်းပေးနိုင်မယ့် DC Dimming စနစ် ၊ ဖုန်းပိတ်ထားချိန်မှာ နာရီနဲ့တစ်ခြား noti တွေ ကြည့်လို့ရမယ့် Always-On Display စနစ်တွေ ပါလာပါတယ်။

         mid-range တစ်လုံးအတွက် Snapdragon 710 processor ကို သုံးထားတာဟာ ကျေနပ်စရာကောင်းပါတယ်။ ဒီထက်ပိုပြီး ကျေနပ်စရာက RAM ပမာဏကို 6GB အပြင် 8GB အထိ ပါလာတာ ဖြစ်ပါတယ်။ storage အနေနဲ့64GB ၊ 128GB နှစ်မျိုး ထွက်ထားပြီး ကာလာကိုလည်း Nebula Purple နဲ့Secret Black (အစိမ်းရင့်) နှစ်ရောင်နဲ့ထုတ်ထားပါတယ်။ ဒီဖုန်းမှာ GameBoost 2.0 စနစ်လည်း ပါရှိတာကြောင့် ဂိမ်းကစားလို့သွက်လက်နေမှာပါ။

Photo: fonearena

         OPPO K3 ဟာ 20W VOOC 3.0 Flash Charge နည်းပညာ ပံ့ပိုးမှုပေးထားတဲ့ 3765 mAh ဘက်ထရီနဲ့လာပါတယ်။ ရှေ့ကင်မရာဟာ ဖုန်းကိုယ်ထည်ကနေ အသွင်းအထုတ် လုပ်နိုင်တဲ့ 16MP pop-up ကင်မရာဖြစ်ပါတယ်။ ကျောဘက်အလယ်မှာ ထောင်လိုက် dual lens တွေ ဖြစ်တဲ့ 16MP+2MP ကင်မရာတွေနဲ့လာပြီး ကင်မရာဒီဇိုင်းဟာ မြင်နေကျ ဘယ်အပေါ်ထောင့်ကပ် ထောင်လိုက် ကင်မရာဒီဇိုင်းနဲ့မတူဘဲ အမြင်ဆန်းပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6 သုံးထားတာပါ။

         ကုမ္ပဏီဝက်ဘ်ဆိုက်မှာ RAM 6GB/64GB storage ကို ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲကျော်) ၊ RAM 8GB/128GB storage ကို ၁၈၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က