45W Hyper Charging စနစ် ပထမဆုံး သုံးတဲ့ Moto ဖုန်းပါ

Moto ဖုန်းတွေထဲမှာ အဆန်းသစ်ဆုံး mid-range ဖုန်း လာပါပြီ။

Motorola One Hyper ဟာ သတင်းပေါက်ကြားထားတာထက် ပိုပြီး သားနားတဲ့ ဒီဇိုင်းနဲ့ Moto စမတ်ဖုန်းစီးရီးတွေထဲမှာ ပထမဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ မိတ်ဆက်လိုက်တာပါ။ ပထမဆုံးပြောရမှာက Motorola ဖုန်းတစ်လုံးမှာ pop-up ကင်မရာသုံးတာ ဒီဖုန်းက ပထမဆုံး ပါပဲ။

Photo: CNN



Motorola ဟာ OnePlus series စမတ်ဖုန်းတွေလိုမျိုး သူ့ရဲ့ Motorola One စီးရီးတွေကို mid-range နဲ့ high-end ဖုန်းတွေအဖြစ် ပုံဖော်လာပါတယ်။ Motorola One Hyper မှာဆိုလည်း OnePlus 7 Pro စတိုင် pop-up နဲ့ လာပြီး OnePlus 7 Pro ရဲ့ ဘက်ဂျက်ဗားရှင်းလို့တောင် ပြောနိုင်ပါတယ်။

notch မသုံးဘဲ pop-up ဆယ်လ်ဖီစနစ်ကို သုံးတဲ့ ဖုန်းတွေဟာ ဒီဇိုင်းပိုင်း အလှပိုတာ ပြောစရာမလိုပါဘူး။ ဖုန်းအောက်ဘောင်နား chin နည်းနည်းလေး သိသာတာတော့ တွေ့ရပါတယ်။ pop-up ဟာ ကျောဘက် ထောင်လိုက် dual lens နဲ့ တစ်တန်းတည်းမှာ ထားရှိထားပါတယ်။

dual lens ရဲ့ အထက်မှာ 64MP Quad pixel လို့ ထင်ထင်ရှားရှား စာထိုးထားပြီး ကင်မရာ setup ကနေ အောက်ခြေ Motorola စာနဲ့ logo အထိ texture grid ကွက်ရှည်နဲ့ ဒီဇိုင်းကို ကြွအောင် ဖန်တီးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မဟာ 2340 x 1080p ရုပ်ထွက်နဲ့ လာပြီး pop-up စနစ်ကြောင့် မှန်ပြင်နေရာယူမှု ၉၀% အထိ ရှိလာပါတယ်။



ရှေ့ကင်မရာဟာ 32MP selfie ကင်မရာ ဖြစ်ပြီး Moto ဖုန်းတစ်လုံးအတွက် resolution အမြင့်ဆုံး ဆယ်လ်ဖီကင်မရာလို့ ဆိုရမှာပါ။ Motorola ရဲ့ QuadPixel နည်းပညာသုံးထားတာ ဖြစ်လို့ ပိုပြီး တောက်ပ ပြတ်သားတဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။ နောက်ထပ် ချီးကျူးစရာက 64MP lens နဲ့ ၁၁၈ ဒီဂရီ မြင်ကွင်းကျယ်ဖမ်းနိုင်တဲ့ 8MP ultra-wide lens သုံးထားတာပါပဲ။

အလင်းအားနည်းချိန် ကင်မရာရိုက်ချက်တွေအတွက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ့် Night Vision mode နဲ့အတူ ဓါတ်ပုံရုပ်ငြိမ်စနစ်တွေ ပံ့ပိုးပေးထားပါတယ်။ IPS LCD display ဖြစ်လို့ in-display လက်ဗွေ မပါပါဘူး။ ဒီအစား‌ ကျောဘက်မှာ physical fingerprnt တစ်ခု သုံးထားပြီး noti light တစ်ခုလိုလည်း လုပ်ဆောင်ပေးသွားမှာပါ။

Motorola One Hyper ဟာ Hyper Charging နည်းပညာသစ်ကို ပထမဆုံးသုံးလာတဲ့ ဖုန်းပါ။ ဒီနည်းပညာဟာ 45W wired charging နဲ့ အားသွင်းနိုင်ပြီး ၁၀ မိနစ်အားသွင်းတာနဲ့ ၁၂ နာရီစာ ဘက်ထရီ အသုံးခံမယ်လို့ ဆိုပါတယ်။ ဒီအတွက် charger ကတော့ သက်သက်ဝယ်ရမှာပါ။

4000 mAh ဘက်ထရီနဲ့ လာပြီး သိပ်အားမကောင်းတဲ့ processor နဲ့ တွဲထားတာ ဖြစ်ို့ ဘက်ထရီသက်တမ်းဟာ ထင်တာထက် အသုံးပိုခံမှာ ဖြစ်ပြီး ဆက်တိုက် ၃၈ နာရီအထိ သုံးနိုင်မယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ ဆော့ဖ်ဝဲလ်ကတော့ Android 10 သစ် သုံးထားပါတယ်။ တစ်ခြား အချက်အလက်တွေကတော့ mid-range specs တွေပါ။

Photo: xda-developers


RAM 4GB /128GB storage ပါရှိပြီး Snapdragon 675 SoC သုံးထားပါတယ်။ microSD card စိုက်ပြီးနောက်ထပ် 1TB အထိ သိုလှောင်အားမြှင့်နိုင်ပါတယ်။ Blue Ocean ၊ Amber Red နဲ့ Fresh Orchid ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး လောလောဆယ် Blue Ocean တစ်ရောင်ပဲ ဝယ်နိုင်ဦးမှာပါ။

အမေရိကန်နဲ့ ဘရာဇီးဈေးကွက်တွေထဲ ဖြန့်ချိထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၄၀၀ ( မြန်မာငွေ ၆ သိန်းခန့်) ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က