တန်ဖိုးသင့် pop-up ဖုန်းတွေပါ

notch မသုံးတဲ့ အလတ်တန်းစားဖုန်းဈေးကွက်ထဲ Honor ဟာ Honor 9X နဲ့9X Pro ဖုန်းသစ်တွေနဲ့ဝင်ရောက်လာပြီ ဖြစ်ပါတယ်။


Honor ဖုန်းတွေထဲမှာ ပထမဆုံး pop-up ဆယ်လ်ဖီကင်မရာသုံးတဲ့ ဖုန်းတွေအဖြစ် မိတ်ဆက်လိုက်တဲ့ Honor 9X နဲ့9X Pro တို့ဟာ တစ်ခုနဲ့တစ်ခု အတော်လေး ဆင်ပါတယ်။ ဒီဖုန်းနှစ်လုံးအကြား ထူးထူးခြားခြား ကွဲသွားတဲ့ အချက်ကတော့ ကင်မရာ နဲ့RAM/storage ပိုင်းပါပဲ။ မျက်နှာပြင်အရွယ်အစားအရလည်း Honor 9X နဲ့9X Pro တို့ဟာ ၆.၅၉ လက်မ IPS LCD screen နဲ့လာပြီး full screen ဒီဇိုင်း ထုတ်ထားတာပါ။



Photo: phonearena

ဖုန်းကိုယ်ထည် ဘေးဘက်မှာ fingerprint scanner နဲ့ထောင်လိုက် Camera setup စနစ် သုံးထားပြီး ထူးထူးခြားခြား X ပုံစံ ရောင်ပြေးကာလာစပ်ပုံ ထွင်းထားပါတယ်။ processor ကိုတော့ Huawei Nova 5 အတိုင်း mid-range processor သစ်ဖြစ်တဲ့ 7nm Kirin 810 chpets သုံးသွားတာပါ။ Honor 9X မှာ RAM 4GB နဲ့6GB နှစ်မျိုး ပါပြီး 64GB နဲ့128GB storage နှစ်မျိုးနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Pro မော်ဒယ်မှာတော့ RAM 8GB ကိုမှ 128GB ဗားရှင်းနဲ့256GB ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။

ကင်မရာမှာတော့ ဖုန်းနှစ်လုံးအကြား ကွာခြားမှု ရှိပါတယ်။ Honor 9X ဟာ dual camera တွေ ဖြစ်တဲ့ 48MP main sensor နဲ့2MP depth sensor တွေ သုံးထားပြီး Honor 9X Pro မှာတော့ ultra-wide ကင်မရာဖြစ်တဲ့ 8MP ကင်မရာတစ်လုံး ပိုပါလာတဲ့ Triple lens နဲ့လာတာ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ pop-up အမျိုးအစားပဲ ဖြစ်ပြီး 16MP ကင်မရာ သုံးထားပါတယ်။

Photo: pocket-lint

Honor 9X နဲ့9X Pro တို့ဟာ USB Type C port ကနေ အားသွင်းနိုုင်မယ့် 4000 mAh ဘက်ထရီနဲ့လာပြီး OS စနစ်ဟာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.1.1 နဲ့ run ပါတယ်။ Honor ဖုန်းသစ်တွေကို လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာ ဝယ်ယူနိုင်မှာ ဖြစ်ပြီး Honor 9X 4GB/64GB ကို ယွမ် ၁၄၀၀ ( မြန်မာငွေ ၃ သိန်းခန့်) ၊ RAM 6GB/64GB မော်ဒယ်ကို ယွမ် ၁၆၀၀ ( မြန်မာငွေ ၃ သိန်းခွဲ) နဲ့RAM 6GB/128GB ကို ယွမ် ၁၉၀၀ ( မြန်မာငွေ ၄ သိန်းကျော်) ဈေးသတ်မှတ်ထားပါတယ်။

Honor 9X Pro ရဲ့ အနိမ်မော်ဒယ် RAM 8GB/128GB ကို ယွမ် ၂၂၀၀ ( မြန်မာငွေ ၄ သိန်း ၈ သောင်းခွဲ) နဲ့RAM 8GB/256GB ဗားရှင်းကို ယွမ် ၂၄၀၀ ( မြန်မာငွေ ၅ သိန်း ၂ သောင်းကျော်) ဈေးတွေနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပြီး အရောင်ကတော့ Midnight Black နဲ့Phantom Blue ကာလာတွေ ရွေးချယ်နိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က