အိန္ဒိယဈေးကွက်မှာ စတင်ရောင်းချသွားမှာပါ

စမတ်ဖုန်းကင်မရာလောကမှာ ရေပန်းစားနေတဲ့ 48MP ကင်မရာသုံးထားတဲ့ OPPO ဖုန်းသစ်နှစ်မျိုး ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

      အိန္ဒိယဈေးကွက်ထဲကို စတင်ဝင်ရောက်လာတဲ့ OPPO F11 နဲ့F11 Pro တို့ဟာ ဒီဇိုင်းပိုင်းချင်း ဆင်ပြီး နှစ်မျိုးစလုံးဟာ pop-up ဆယ်လ်ဖီကင်မရာတွေ သုံးထားတာပါ။ OPPO F11 Pro ဟာ မျက်နှာပြင် ၆.၅၃ လက်မ IPS LCDs display နဲ့လာပြီး ဖုန်းပါဝါအစားသက်သာအောင် ဒီဇိုင်းထုတ်ထားတဲ့ OPPO ရဲ့ ကိုယ်ပိုင် RAM စနစ် ပါရှိတယ်လို့ကြေညာထားပါတယ်။

Photo: 9to5google



         notch ဒီဇိုင်းကို လုံးဝ ဖြုတ်ထားပြီး ရှေ့ကင်မရာအတွက်ပါ နေရာကို ရှင်းထားတာကြောင့် ဒီဇိုင်းပိုင်း ပိုပြီး ရှင်းလင်းသပ်ရပ်လာသလို မှန်ပြင်နေရာယူမှုကလည်း ၉၀.၉% အထိ ရှိလာပါတယ်။ ကျောဘက်ကင်မရာနဲ့LED flash တွေ ထားတဲ့ ပုံစံအရ Vivo V15 Pro နဲ့ဆင်ပေမယ့် ကင်မရာကို ဖုန်းအပေါ် အလယ်နားမှာ ထောင်လိုက် အနေအထားနဲ့တပ်ဆင်ထားတာက ဆန်းနေပါတယ်။

         ကျောဘက်ကင်မရာတွေဟာ 48MP ပင်မကင်မရာနဲ့5MP ကင်မရာနှစ်လုံးတွဲ စနစ် သုံးထားတာ ဖြစ်ပြီး OPPO ကတော့ ဒီဖုန်းရဲ့ ကင်မရာနည်းပညာဟာ low-light ရိုက်ချက်တွေမှာ အရည်အသွေးကောင်းတဲ့ ပုံတွေ ထွက်စေဖို့အထူးထုတ်ထားတာလို့ပြောထားပြီး Ultra Night Mode အတွက် AI နည်းပညာ ပါရှိပါတယ်။ ကာလာနဲ့မြင်ကွင်း၂၀ ကျော် ချိန်ညှိမှုအတွက် Color Mapping နည်းပညာပါရှိပြီး ရှေ့ဘက် pop-up ကင်မရာကတော့ 16MP ဖြစ်ပါတယ်။

         မှန်ကိုယ်ထည်နဲ့လာတဲ့ ဒီဖုန်းမှာ နောက်ထပ် အမြင်ပိုင်း ဆွဲဆောင်အားကောင်းတဲ့အချက်က ရောင်ပြေးကာလာဆန်းတွေပါ။ Thunder Black ရောင်မှာ ခရမ်းပြာရောင်ပြေးကာလာဆန်းနဲ့Aurora Green ကာလာဆန်းဆိုပြီး နှစ်ရောင်ထွက်ထားပါတယ်။ မှန်ကိုယ်ထည်ဆိုပေမယ့် ဒီဖုန်းမှာ wireless charging သုံးလို့မရသေးပါဘူး။ အားသွင်းပေါက်ကလည်း microUSB port သုံးထားတာကလည်း ဖုန်းနဲ့မလိုက်ဘူးလို့ခံစားရမှာပါ။


        တစ်ခုကောင်းတာက 4000 mAh အကြီးစားဘက်ထရီသုံးထားပြီး VOOC 3.0 fast charging ပါလာတာပါပဲ။ OPPO ကတော့ ဒီဖုန်းကို အားအပြည့်သွင်းဖို့မိနစ် ၈၀ ကြာမယ်လို့ဆိုပါတယ်။ processor အနေနဲ့MediaTek Helio P70 processor နဲ့လာပြီး RAM ပမာဏကို 4GB နဲ့6GB ဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။ storage ကတော့ 64GB နဲ့128GB နှစ်မျိုးလာပြီး နောက်ထပ် storage ထပ်မြှင့်စရာ microSD card support မပေးထားပါဘူး။

         OPPO F11 Pro ကို မတ်လ ၁၅ ရက်နေ့အိန္ဒိယမှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီး အနိမ့်မော်ဒယ်ကို ၂၄၉၉၀ ရူပီး (မြန်မာငွေ ၅ သိန်းခွဲနီးဈေးကနေ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က