မြန်မာငွေ ၅ သိန်းအောက်တန် ဖုန်းပါ

Motorola ရဲ့ ဒုတိယမြောက် pop-up ဆယ်လ်ဖီကင်မရာသုံး အလတ်တန်းစားဖုန်းကို ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Moto One Fusion+ ဟာ မှန်ပြင်ပြည့်ဒီဇိုင်းအတွက် pop-up ကင်မရာအမျိုးအစား သုံးလာတဲ့ ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅ လက်မ IPS LCD display ဟာ 1080+ ရုပ်ထွက်နဲ့ HDR10 support ပေးထားပါတယ်။ Moto One Hyper နဲ့ ဆင်ပေမယ့် ပိုပြီး အဆင့်မြင့်တဲ့ features တွေ ထည့်သွင်းလာပါတယ်။ Moto One Fusion+ မှာတော့ 32MP pop-up ကင်မရာအစား 16MP နဲ့ လာပါတယ်။




Photo: Phone Arena

ဖုန်းကို လော့ခ်ဖွင့်ဖို့အတွက် ကျောဘက်မှာ Motorola logo နဲ့အတူ fingerprint scanner တပ်ဆင်ထားပါတယ်။ ကျောဘက်မှာ Moto One Hyper လိုပဲ 64MP main sensor သုံးထားပေမယ့် Dual lens အစား Quad Camera စနစ်နဲ့ လာတာ ဖြစ်ပါတယ်။ main sensor နဲ့အတူ ၁၁၈ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultra-wide ၊ 5MP macro ကင်မရာ နဲ့ 2MP depth sensor တို့ သုံးလာပါတယ်။

Motorola One Fusion+ ဟာ Hyper မော်ဒယ်ထက် CPU နဲ့ GPU လုပ်‌ဆောင်ချက် ပိုပြီး အဆင့်မြင့်လာတဲ့ Snapdragon 730 SoC နဲ့ လာပါတယ်။ RAM 6GB/128GB storage အထိ ပါရှိပြီး MicroSD card ကနေ 1TB အထိ ထပ်တိုးနိုင်မှာပါ။ SIM တစ်ကတ်တည်း သုံးနိုင်ပြီး 3.5mm headphone jack နဲ့ USB-C port အားသွင်းပေါက် ပါရှိပါတယ်။

ဘက်ထရီပါဝါအနေနဲ့ အကြီးစား 5000 mAh ဟာ 15W fast charging စနစ်သုံးထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ Moonlight White နဲ့ Twilight Blue ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ ဥရောပဈေးကွက်ထဲ ဒီလကုန် ရောင်းချသွားမှာ ဖြစ်ပြီး ယူရို ၃၀၀ (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က