Vivo ရဲ့ ပထမဆုံး S series ဖြစ်ပါတယ်
Nyein Min Wai

Vivo ကတော့ S series အနေနဲ့ကုမ္ပဏီရဲ့ ပထမဆုံးစမတ်ဖုန်း Vivo S1 ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


         notchless စမတ်ဖုန်းအနေနဲ့ဈေးကွက်ထဲ ရောက်လာတဲ့ Vivo S1 ဟာ mid-range စီးရီးသစ်ဖြစ်ပြီး တရုတ်ဈေးကွက်မှာ စတင်ရောင်းချသွားမယ့် မော်ဒယ်လည်း ဖြစ်ပါတယ်။ Vivo S1 ဟာ Vivo V15/15 Pro တွေမှာ ပထမဆုံး သုံးလာတဲ့ pop-up selfie ကင်မရာနဲ့လာတဲ့ မော်ဒယ်ဖြစ်ပြီး ဒီဇိုင်းနဲ့သုံးထားတဲ့ specs တွေကလည်း Vivo V15 နဲ့ခပ်ဆင်ဆင်လို့ပြောနိုင်ပါတယ်။

Photo: Mr. Phone

         Vivo S1 မှာ ဆယ်လ်ဖီကင်မရာ resloution နည်းထားပြီး internal storage ပိုများလာသလို networkd band ပံ့ပိုးမှုကလည်း ပိုပြီး စုံလာပါတယ်။ AI voice assistant ခလုတ်လည်း သုံးထားပြီး တရုတ်ဈေးကွက်အတွက်ပဲ ထုတ်ထားတဲ့ ဖုန်းဖြစ်လို့AI အသံစနစ်ကလည်း Vivo ရဲ့ ကိုယ်ပိုင် Jovi အသံအကူပဲသုံးနိုင်မှာ ဖြစ်ပြီး အိန္ဒိယလို အပြင်ဈေးကွက်မှာ ဖြန့်ရင်တော့ Google Assistant လည်း သုံးနိုင်တော့မှာပါ။

         မျက်နှာပြင် ၆.၅၃ လက်မအရွယ်အစား ရှိပြီး FullHD+ display နဲ့လာတဲ့ ဒီဖုန်းဟာ full screen ဖြစ်စေဖို့ရှေ့ကင်မရာနေရာကို ဖုန်းကိုယ်ထည်မှာ ထည့်သွင်းလာပါတယ်။ Android 9 Pie ကို အခြေခံထားတဲ့ Funtouch OS 9 သုံးထားပြီး RAM 6GB နဲ့အတူ Storage ကို 128GB အထိ သုံးထားပါတယ်။ storage ကို ထပ်ပြီး တိုးချင်တယ်ဆိုရင်လည်း microSD card ကနေ ထပ်တိုးနိုင်မှာပါ။

Photo: xda-developers

         Vivo S1 ဟာ MediaTek Helio P70 processor ကို သုံးထားပြီး Game Turbo mode ပါလို့ဖုန်းနဲ့ဂိမ်းကစားတဲ့ သူတွေအတွက် ညက်ညောတဲ့ဂိမ်းကစားမှု အတွေ့အကြုံပေးနိုင်မှာပါ။ကင်မရာအနေနဲ့ ဆယ်လ်ဖီကင်မရာကို 25MP ၊ ကျောဘက်မှာ 12MP ပင်မကင်မရာနဲ့8MP wide-lens ၊ 5MP depth sensor ဆိုပြီး သုံးလုံးတွဲကင်မရာတွေ သုံးထားတာ ဖြစ်ပါတယ်။ fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားတာပါ။

         အရောင်အနေနဲ့Lake Blue နဲ့Pet Pink ကာလာနှစ်ရောင်နဲ့လာပြီး pre-order မှာထားသူတွေကို ဧပြီလ ၁ ရက်နေ့ တရုတ်ဈေးကွက်မှာ ဖြန့်သွားမယ်လို့ဆိုပါတယ်။ ဒီဖုန်းကို ၂၂၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိမယ့်ရက် မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က