ပရီမီယံမော်ဒယ်အဖြစ် ထွက်လာတာပါ
Nyein Min Wai

အပြင်က ဆူညံသံတွေကို တစ်စက္ကန့်တိုင်းမှာ အကြိမ်ပေါင်း ၂၀၀ အထိ ချိန်ညှိစစ်ထုတ်ပေးမယ့် active noise cancellation စနစ် သုံးထားတဲ့ AirPods Pro သစ်တွေကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

AirPods Pro ဟာ ဆူညံသံတွေ ဖယ်ထုတ်နိုင်မယ့် noise-isolating ဒီဇိုင်းနဲ့လာတဲ့ Apple ရဲ့ ပထမဆုံး နားကြပ်တွေလည်း ဖြစ်ပါတယ်။ တပ်ဆင်သူတိုင်းရဲ့ နားနဲ့ကွက်တိဖြစ်စေဖို့ပျော့ပျောင်းပြီး လိုသလို ကွေးညွှတ်နိုုင်တဲ့ ဆီလီကွန် နားကြပ်ခေါင်း သုံးမျိုးနဲ့ထုတ်ထားတာပါ။

Photo: The Verge


တန်ဖိုးကြီး ပရီမီယံ earbuds တွေဖြစ်တဲ့ AirPods Pro သစ်တွေဟာ transparency mode လို့ခေါ်တဲ့ နားကြပ်တပ်ထားတုန်းမှာ အပြင်က အသံတွေပါ ကြားနိုင်မယ့် စနစ် သုံးထားတာ ဖြစ်ပါတယ်။ ဒီ feature ဟာ နားကြပ်တပ်ပြီး လမ်းပေါ် လျှောက်သွားနေချိန်မှာ ကားသံ ရထားသံတွေ ကြားနိုင်အောင် ထုတ်ထားတာ ဖြစ်ပြီး earbuds မှာ ပါတဲ့ force sensor ကနေ သီချင်းနဲ့transparency mode ကို အဖွင့်အပိတ်လုပ်နိုင်မှာပါ။

AirPods Pro ဟာ ဒုတိယမျိုးဆက် AirPods တွေလိုပဲ wireless charging စနစ် နဲ့hands-free အသံနဲ့ထိန်းချုပ်မှုစနစ်တွေ ပံ့ပိုးပေးထားပါတယ်။ ဘက်ထရီဟာ သီချင်း ဆက်တိုက်နားထောင်မယ်ဆိုရင် ၄.၅ နာရီဝန်းကျင် အားခံမယ်လို့ဆိုပါတယ်။ AirPods Pro နဲ့အတူ ပါလာတဲ့ case မှာတော့ ၂၄ နာရီဝန်းကျင်စာ သီချင်းနားထောင်နိုင်မယ့် အရန်ဘက်ထရီပါလာပါတယ်။

Photo: Tech.co


Lightning connector နဲ့လည်း အားသွင်းနိုင်သလို ဗူးထဲမှာ Lightning ကနေ USB-C ပြောင်းနိုင်တဲ့ cable လည်း ပါထားပါတယ်။ ချွေးနဲ့ရေစိုခံတဲ့ ဒဏ်ကို ခံနိုင်လို့အားကစားလုပ်ရင်း တပ်ဆင်ထားနိုင်မှာပါ။ AirPods Pro ဟာ သုံးစွဲသူရဲ့ နားပုံစံကို လိုက်ပြီး သီချင်း သံစဉ်ကို အလိုအလျောက် ညှိပေးမယ့် Adaptive EQ ဆိုတဲ့ feature တစ်ခု ပါရှိပါတယ်။

AirPods Pro ကို အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဈေးနှုန်းကတော့ wireless charging case အပါအဝင် ၂၄၉ ဒေါ်လာ ( မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က