ဘက်ဂျက်ပေမယ့် မက်လောက်စရာတွေ ပါပါတယ်
Nyein Min Wai

ဘက်ဂျက်ဈေးနဲ့ထွက်တဲ့ ဖုန်းဆိုပေမယ့် upper mid-range ဖုန်းတစ်လုံးလို မြင်ရမှာကတော့ Infinix S5 ပါ။


ဟောင်ကောင်အခြေစိုက် ဖုန်းကုမ္ပဏီ Infinix ကနေ ထုတ်လိုက်တဲ့ ဒီဘက်ဂျက်ဖုန်းဟာ မျက်နှာပြင်အကြီးစား ကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက်လို့ဆိုနိုင်ပါတယ်။ မျက်နှာပြင် ၆.၆ လက်မ HD+ display နဲ့လာတဲ့ ဒီဖုန်းဟာ 20:9 အချိုးနဲ့လာပြီး punch hole display အမျိုးအစား သုံးထားတာပါ။

Photo: mobilityarena

ကျောဘက်မှာ ထောင်လိုက်ဘယ်ဘေးကပ် လေးလုံးတန်း ကင်မရာနဲ့fingerprint scanner တစ်ခု သုံးထားပြီး texture စင်း ကိုယ်ထည်နဲ့ထွက်ထားပါတယ်။ resolution အနေနဲ့720 x 1600pixels ဆိုတာ မမိုက်ပါဘူး။ မှန်ပြင်နေရာယူမှု ၉၀.၅% အချိုးကတော့ စိတ်ဝင်စားစရာပါ။

နောက်ထပ် စိတ်ဝင်စားစရာက 4-in-1 pixel ထွက်တဲ့ 32MP ဆယ်လ်ဖီကင်မရာနဲ့လာပြီး AI 3D Face Beauty Mode ပါတာပါပဲ။ ဆယ်လ်ဖီကင်မရာကောင်းပြီး ဈေးနည်းတဲ့ ဖုန်းတစ်လုံးလို့ဆိုနိုင်ပါတယ်။ ကျောဘက် Quad Cameras ထဲမှာလည်း စိတ်ဝင်စားစရာတွေ ပါလာပါတယ်။

16MP ကင်မရာဟာ primary ကင်မရာဖြစ်ပြီး ၁၁၄ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 5MP ultra-wide ကင်မရာ ၊ 2MP depth sensor နဲ့၂.၅ စင်တီမီတာ အကွာက အရာဝတ္ထုတွေကို အသေးစိတ်ရိုက်ကူးမှု လုပ်နိုင်မယ့် 5MP Super Macro Lens တွေ ပါရှိပါတယ်။ ဒါတင်မဟုတ်ဘဲ 5MP ကင်မရာဟာ macro video တွေပါ ရိုက်ကူးနိုင်ပါတယ်။


Photo: news.maxabout

Infinix S5 ဟာ Helio P22 SOC နဲ့လာပြီး RAM 4GB ပါရှိပါတယ်။ microSD card ကနေ 256GB အထိ ထပ်တိုးနိုင်မယ့်အပြင် onboard storage အနေနဲ့လည်း 64GB သုံးထားပါတယ်။ ဘက်ထရီကတော့ 4000 mAh ဖြစ်ပြီး Quentzal Cyan နဲ့Violet ကာလာနှစ်ရောင်နဲ့လာပါတယ်။

Infinix S5 ကို အိန္ဒိယဈေးကွက်မှာ ၈၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၉ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က