အကြီးစားဘက်ထရီနဲ့ တန်ဖိုးနည်း Tecno Spark 5 Pro ကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂ လလောက်ကပဲ Tecno Spark 5 နဲ့ Spark 5 Air တို့ကို မိတ်ဆက်သွားတဲ့ Tecno ဟာ အခုတစ်ခါမှာ Pro မော်ဒယ်ကို ကြေညာသွားတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ Pro မော်ဒယ်မှာ ပိုပြီး ထူးခြားတာ မပါရှိပါဘူး။ RAM/storage ထပ်မြှင့်ထားပြီး ဘက်ထရီပါဝါမှာ ရိုးရိုး Spark 5 ထက် ပိုကြီးတဲ့ ပါဝါ သုံးလာပါတယ်။



Photo: gizmochina

မျက်နှာပြင်အရွယ်အစား ၆.၆ လက်မ punch-hole display နဲ့ လာပြီး screen resolution ဟာ 1600 x 720p ပဲ သုံးထားတာပါ။ 20:9 aspect ratio ပါရှိပြီး screen-to-body အချိုးဟာ ၉၀.၂% ရှိတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။MediaTek Helio A25 SoC သုံးထားပြီး RAM 4GB/64GB storage နဲ့အတူ microSD card ကနေ 256GB အထိလည်း တိုးနိုင်မှာပါ။

ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ ကင်မရာကွက်ပါရှိပြီး Quad Camera စနစ်ကို သုံးထားပါတယ်။ main sensor ဟာ 16MP ဖြစ်ပြီး 2MP macro ၊ 2MP depth sensor နဲ့ AI lens တစ်ခု ပါရှိပါတယ်။ fingerprint reader ကိုလည်း ကျောဘက်မှာပဲ သုံးထားပြီး punch-hole ထဲမှာ 8MP selfie ကင်မရာ ထည့်ထားပါတယ်။ 

ဘက်ထရီပါဝါဟာ အကြီးစား 6000 mAh ဖြစ်ပြီး micro USB Port ကနေ အားသွင်းနိုင်မှာပါ။ dual SIM သုံးနိုင်ပြီး Android 10 ကို အခြေခံထားတဲ့ HiOS 6.1 စနစ်နဲ့လာပါတယ်။ Tecno Spark 5 Pro ကို Ice Jadeite ၊ Spark Orange နဲ့ Seabed Blue ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ အိန္ဒိယဈေးကွက်မှာ ၁၀၄၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၉ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က