loading...

loading...

loading...

Reverse Wireless Charging ပထမဆုံး ပါတဲ့ တက်ဘလက်လည်း ဖြစ်ပါတယ်
Nyein Min Wai

flagship processor သစ် သုံးထားတဲ့ Huawei ရဲ့ high-end တက်ဘလက်ကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

တရုတ်မှာ မိတ်ဆက်လိုက်တဲ့ Huawei MatePad Pro သစ်ဟာ punch-hole display သုံး ပထမဆုံး တက်ဘလက်ဖြစ်တဲ့အပြင် Reverse wireless Charging ပံ့ပိုးမှုလည်း ထည့်ပေးထားပါတယ်။ Huawei MatePad Pro သစ်ဟာ မျက်နှာပြင် ၁၀.၈ လက်မ AMOLED panel သုံးထားပြီး ရုပ်ထွက် resolution အနေနဲ့ 2560 x 1600px ပါရှိပါတယ်။

Photo: Antutu


ဘေးဘောင်တွေဟာ ၄.၉ မီလီမီတာပဲ ထူပြီး Screen To Body အချိုးဟာ ၉၀% ရှိထားတယ်လို့ ကုမ္ပဏီဘက်က အတည်ပြုထားပါတယ်။ punch Hole ကင်မရာပေါက်ထဲမှာတော့ 8MP selfie ကင်မရာ ပါရှိပါတယ်။ စပီကာ ၄ လုံးတပ်ထားလို့ အသံအရည်အသွေးပိုင်းမှာ စိတ်တိုင်းကျရမယ့် တက်ဘလက်လို့လည်း ဆိုနိုင်ပါတယ်။

ဒီတက်ဘလက်သစ်ဟာ Huawei ထုတ် Kirin 990 Processor သုံးထားပြီး လာမယ့်နှစ်မှာ ပိုပြီး အားကောင်းတဲ့ processor သစ်နဲ့ မိတ်ဆက်ဦးမယ်လို့ ဆိုပါတယ်။ MatePad Pro သစ် မိတ်ဆက်ပွဲမှာ Huawei CEO ယူချင်တောင်မှ ၂၀၀၂ ပြည့်နှစ်မှာ MatePad Pro 5G ဗားရှင်း ကြေညာဦးမယ်လို့ ပြောသွားပါတယ်။ ၂၀၂၀ 5G ဗားရှင်းဟာ built-in 5G modem ပါတဲ့ Kirin 990 5G SoC သုံးလာမှာ ဖြစ်ပြီး clock speed လည်း ပိုမြန်လာမှာပါ။

MatePad Pro ဟာ RAM 6GB/8GB နဲ့ storage 128GB/256GB ဆိုပြီး ထွက်ထားပါတယ်။ WiFi သီးသန့်နဲ့ LTE ဗားရှင်းနှစ်မျိုး မိတ်ဆက်ထားပြီး ကျောဘက်မှာ 13MP ကင်မရာ သုံးထားပါတယ်။ ဘက်ထရီပါဝါဟာ 7250mAh ဖြစ်ပြီး 40W Huawei SuperCharge အားသွင်းစနစ် ၊ 15W wireless charging နဲ့ 7.5W reverse wireless charging နည်းပညာများ ပံ့ပိုးထားပါတယ်။



Photo: androidpolice

Huawei ဟာ ပုံမှန် PC တစ်လုံး သုံးနေရသလိုမျိုး လုပ်ဆောင်နိုင်မယ့် laptop mode လည်း MatePad Pro မှာ ထည့်သွင်းပေးထားပါတယ်။ MatePad Pro မှာ တက်ဘလက်မျက်နှာပြင်ပေါ် ဒီဇိုင်းရေးဆွဲမှုကို ပိုမိုတိကျစေမယ့် M-Pen Stylus တစ်ခုလည်း ပါရှိမှာပါ။ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ EMUI 10 နဲ့ လာပြီး အနက် ၊ အဖြူ ၊ အစိမ်းနဲ့ လိမ္မော်ကာလာတွေနဲ့ ထွက်ထားပါတယ်။

RAM 6GB/128GB WiFi ဗားရှင်းကို ၃၂၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၁ သောင်းကျော်) ၊ LTE ဗားရှင်း ကို ၃၇၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၂ သောင်းကျော်) နဲ့ RAM 8GB/256GB ဗားရှင်း (LTE) ကို ၄၄၉၉ ယွမ် (မြန်မာငွေ ၉ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး နိုင်ငံတကာဈေးကွက်ထဲ ရောက်မယ့်ရက် မသိရသေးပါဘူး။


loading...

က္က