မြန်မာငွေ ၃ သိန်းကနေ ၄ သိန်းခွဲအထိ ဈေးတွေနဲ့ရောင်းချသွားမှာပါ

     ကျောဘက်ကင်မရာ သုံးလုံးတွဲ ဖုန်းတွေထဲမှာ Lenovo Z6 Youth Edition ပြီးရင် Vivo Z5x ဟာ ဈေးအတန်ဆုံး ဖြစ်ပါလိမ့်မယ်။



         Vivo ရဲ့ Z series သစ်ဟာ ဈေးသင့်တင့်တဲ့ ဖုန်းတွေ အများဆုံး ထုတ်တဲ့ မော်ဒယ်တွေ ဖြစ်ပြီး Vivo Z5x မှာလည်း ဒီ price range ကို ထိန်းထားပြီး အရည်အသွေးကို မြှင့်လာတာပါ။ တကယ်တမ်း ထူးခြားတာက Vivo Z5x ဟာ Vivo ဖုန်းတွေထဲမှာ ပထမဆုံး punch hole ဆယ်လ်ဖီကင်မရာပေါက်ကို သုံးလာတာ ဖြစ်ပါတယ်။

Photo: androidgreek

         punch hole ကင်မရာပေါက်ဟာ ဖုန်း screen ဘယ်ဘက်အပေါ်ထောင့်မှာ ရှိပြီး ရှေ့တစ်ခြမ်းလုံးဟာ မှန်ပြင်အပြည့်နီးပါး ဖြစ်လာပါတယ်။ ကျောဘက်မှာ fingerprint scanner နဲ့အတူ ထောင်လိုက် သုံးလုံးတွဲ ကင်မရာစနစ် ပါလာပါတယ်။ Vivo Z5x ဟာ မျက်နှာပြင် ၆.၅၃ လက်မ LCD display ဖြစ်ပြီး ရုပ်ထွက် resolution အနေနဲ့1080 x 2340p ပါရှိတာကြောင့် mid-ranger တစ်လုံးအတွက် အဆင့်အတန်းမြင့်မားတဲ့ ရုပ်ထွက် စွမ်းရည်ကို ခံစားရစေမှာပါ။

         Vivo Z5x ဟာ အားကောင်းတဲ့ mid-range processor Snapdargon 710 SoC ကို သုံးထားပါတယ်။ mid-ranger တွေထဲမှာ Snapdragon 710 Processor သုံးတဲ့ ဖုန်းများများစားစား မရှိပါဘူး။ ဒီနှစ်ထဲမှာဆို Realme 3 Pro နဲ့Lenovo Z6 Youth Edition တို့မှာပဲ ဒီ processor သုံးတာ တွေ့ရပါတယ်။ ဒီ processor ဟာ ့အင်တာနက် ချိတ်ဆက်မှု သိပ်မြန်လာပြီး ဂိမ်းကစားတာ ၊ ဘက်ထရီပါဝါအစား သက်သာတာ စတဲ့ overall performance ပိုင်းမှာ အရင် Snapdragon 660 SoC တွေထက် ၂၀% ပို သွက်လာသလို AI features စနစ်ပိုင်း ပံ့ပိုးမှုတွေမှာလည်း ပိုပြီး သာလာတဲ့ processor ဖြစ်ပါတယ်။

Photo: gadgetbytenepal  

         ဒီ processor နဲ့အတူ RAM ပမာဏ 4GB/6GB နဲ့8GB ဆိုပြီး ၃ မျိုး ထွက်ထားပါတယ်။storage ပေါ်လိုက်ပြီး ဗားရှင်း ၄ မျိုးနဲ့ဝယ်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းကလည်း ဒီဖုန်းရဲ့ ဆွဲဆောင်နိုင်တဲ့ အပိုင်း ဖြစ်ပြီး ရှေ့ဘက် punch hole ကင်မရာပေါက်မှာ 16MP သုံးထားပြီး ကျောဘက်မှာတော့ Triple lens တွေ ဖြစ်တဲ့ 16MP+8MP ( ultra-wide ကင်မရာ) နဲ့2MP ( depth sensor) တွေ ပါလာပါတယ်။

       Vivo Z5x ရဲ့ ထူးခြားမှုကတော့ 18W Fast Charging စနစ် ပံ့ပိုးပေးထားတဲ့ 5000 mAh ဘက်ထရီနဲ့လာတာပါ။ အရောင်အနေနဲ့Extreme Night Black ၊ Phantom Black နဲ့ရောင်ပြေးကာလာဆန်းဖြစ်တဲ့ Aurora ကာလာဆိုပြီး သုံးရောင် ပါရှိပါတယ်။ Android 9 Pie ကို အခြေခံထားတဲ့ Funtounch 9 skin နဲ့လာတဲ့ Vivo Z5x ကို တရုတ်ဈေးကွက်မှာ လာမယ့် ဇွန်လ ၁ ရက်နေ့က စပြီး ရောင်းချသွားမှာပါ။

         ဈေးနှုန်းအနေနဲ့RAM 4GB/64GB storage ကို ၁၃၉၈ ယွမ် ( မြန်မာငွေ ၃ သိန်းကျော် ) ၊ RAM 6GB+64GB Storage ကို ၁၄၉၈ ယွမ် ( မြန်မာငွေ ၃ သိန်း ၃ သောင်းခန့်) ၊ RAM 6GB + 128GB storage ကို ( မြန်မာငွေ ၃ သိန်း ၇ သောင်းကျော် ) နဲ့RAM 8GB+128GB storage ကို ၁၉၉၈ ယွမ် ( မြန်မာငွေ ၄ သန်း ၄ သောင်းခန့်) ဈေးများနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က