မြန်မာငွေ ၃ သိန်းခွဲခန့်ဈေးနဲ့တရုတ်မှာ ရောင်းသွားမှာပါ
Nyein Min Wai

Nova 5i Pro ရဲ့ ဗားရှင်းငယ်လို့ဆိုရမယ့် Nova 5z သစ်ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။

တရုတ်ဈေးကွက်အတွက်ပဲ မိတ်ဆက်ထားတဲ့ Nova 5i Pro နဲ့Nova 5z တို့ဟာ တစ်ပုံစံတည်းပဲ ဖြစ်ပြီး Nova 5z က ဈေးပိုသက်သာတာပဲ ထူးပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၂၆ လက်မ LCD display ၊ ကျောဘက် စတုရန်းကွက် ကင်မရာ ၄ လုံး နဲ့fingerprint scanner ကလည်း Nova 5i Pro အတိုင်းပါပဲ။ မတူတာပြောပါဆိုရင် memory option ပဲ နည်းနည်းပြောင်းတာပါ။

Photo: gizchina

Nova 5z မှာ RAM 6GB ကိုမှ storage အနေနဲ့64GB နဲ့128GB ဆိုပြီး နှစ်မျိုး မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ processor ဟာ 7nm Kirin 810 processor ဖြစ်ပြီး AI နဲ့machine learning လုပ်ဆောင်ချက်တွေ လုပ်နိုင်မှာပါ။ ဂိမ်းကစားရတာ ဝါသနာကြီးတဲ့သူတွေအတွက် အဆင့်မြင့် ဂိမ်းအတွေ့အကြုံတွေ ခံစားနိုင်မယ့် GPU Turbo နည်းပညာ ထည့်ပေးထားပါတယ်။

အရှေ့ display ဟာ punch hole ကင်မရာ တပ်ဆင်ထားပြီး 32MP selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်ကင်မရာဟာ Nova 5i Pro အတိုင်း 48MP ကင်မရာ ၊ 8MP wide-angle ကင်မရာ ၊ 2MP depth sensor နဲ့2MP macro ကင်မရာတွေ သုံးထားပါတယ်။ ဘက်ထရီဟာလည်း 20W charging အားသွင်းစနစ် ပါတဲ့ 4000 mAh ဘက်ထရီသုံးထားတာ ဖြစ်ပါတယ်။


Photo: gizchina

Nova 5z ဟာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.1 စနစ်နဲ့လာပြီး ကင်မရာနဲ့performance ပိုင်းမှာ AI အဆင့်မြှင့်တင်မှုတွေ လုပ်ထားတယ်လို့ဆိုပါတယ်။ အရောင်အနေနဲ့အနက် ၊ Aurora ကာလာနဲ့ကျောက်စိမ်းရောင် ကာလာ ၃ မျိုးနဲ့ထွက်ထားပါတယ်။ ဈေးကွက်မှာ Nova 5z ကို ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲခန့်) နဲ့၁၇၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း ၈ သောင်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က