loading...

loading...

loading...

လေးစားလောက်တဲ့ ကင်မရာစနစ် သုံးထားပါတယ်

Huawei ရဲ့ sub-brand တစ်ခုဖြစ်တဲ့ Honor ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းတွေကို တရုတ်နိုင်ငံ ဘေဂျင်းမှာ ကြေညာလိုက်ပါတယ်။

Honor V30 နဲ့ V30 Pro ဖုန်းသစ်တွေဟာ dual punch-hole display သုံးထားပြီး လေးစားလောက်တဲ့ flagship ဖုန်းအဖြစ် ထွက်လာတာပါ။ ကုမ္ပဏီထုတ် Kirin 990 processor ကို သုံးထားပြီး ရှေ့နဲ့ နောက် စုစုပေါင်း ကင်မရာ ၅ လုံး ပါလာတာကလည်း ဒီဖုန်းတွေရဲ့ ထူးခြားချက်တွေ ဖြစ်ပါတယ်။ Honor V30 နဲ့ V30 Pro တို့ဟာ ဒီဇိုင်းပိုင်းမှာ စမတ်ဖုန်းဈေးကွက်ထဲက ကွဲထွက်နေတဲ့ ဒီဇိုင်း သုံးထားပြီး ဘေးဘောင်ပါဝါခလုတ်ထဲမှာ fingerprint reader ထည့်ထားပါတယ်။


Photo: mobygeek

IPS LCD display အမျိုးအစားသုံးထားပြီး မျက်နှာပြင်အရွယ်အစားဟာ ၆.၅၇ လက်မရှိပြီး 20:9 aspect ratio ရှည်မျောမျော ကိုယ်ထည်နဲ့လာပါတယ်။ display ရဲ့ ဘယ်ဘက်အပေါ်ထောင့် punch hole ကင်မရာပေါက်ထဲမှာ dual selfie ကင်မရာတွေ ထည့်ပေးထားပါတယ်။ 5G modem ပါဝင်တဲ့ 7nm Kirin 990 5G SoC နဲ့လာတဲ့ Honor V30 Pro ဟာ dual mode 5G လို့ခေါ်တဲ့ SA/NSA support ပေးထားပါတယ်။

Honor V30 Pro ဟာ Honor ဖုန်းတွေထဲမှာ ပထမဆုံး Wireless charging စနစ် ပါတဲ့ ဖုန်းဖြစ်ပြီး 40W fast charging ပါတဲ့ 4100 mAh ဘက်ထရီဟာ 7.5W reverse wireless charging နဲ့ 27W superfast wireless charging စနစ်များ ပါရှိထားပါတယ်။ 4200mAh ဘက်ထရီသုံး Honor V30 ကတော့ wirelesss charging မပါပေမယ့် 40W fast charging ပံ့ပိုးမှု ပါရှိပါတယ်။

high-end gaming ပိုင်းအတွက် ဒီဇိုင်းထုတ်ထားတဲ့ ဖုန်းတွေ ဖြစ်ပြီး GPU Turbo နဲ့ Kirin Gaming+ 2.0 စနစ်တွေအပြင် အဆင့်မြင့် ဂိမ်းခံစားမှု ရဖို့အတွက် dual-handed gamepad နဲ့ ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။ ရှေ့ကင်မရာတွေကတော့ အတူတူပဲ ဖြစ်ပြီး 32MP ကင်မရာနဲ့ ၁၀၅ ဒီဂရီမြင်ကွင်းကျယ် ဖမ်းယူနိုင်မယ့် 8MP wide sensor သုံးထားပါတယ်။ Honor V30 နဲ့ V30 Pro တို့ဟာ အကောင်းဆုံးဆယ်လ်ဖီရိုက်ချက်တွေအတွက် AI Portrait စနစ် ၊ အလင်းမှိန်ပျပျအခြေအနေမှာ တောက်ပတဲ့ ဆယ်လ်ဖီပုံတွေ ဖမ်းနိုင်မယ့် Super Night Scene Mode တို့ပါရှိပါတယ်။

Honor V30 စီးရီးတွေဟာ စနစ်ကျတဲ့ ပုံရိပ်ဖော်နည်းပညာရဖို့ ဆော့ဖ်ဝဲလ်နဲ့ hardware ပေါင်းစပ်ထားတဲ့ Matrix Camera နည်းပညာ သုံးထားပါတယ်။ ကျောဘက်စတုဂံပုံစံ လေးထောင့်ကင်မရာကွက်ထဲမှာ Triple lens ကင်မရာတွေနဲ့အတူ laser autofocus နဲ့ LED flash တို့ တပ်ဆင်ထားပါတယ်။ Honor V30 Pro ဟာ Sony IMX RYYB 40MP main lens ၊ 8MP telephoto sensor နဲ့ ၁၀၉ ဒီဂရီမြင်ကွင်းကျယ် ပုံရိပ်ဖမ်းယူနိုင်မယ့် 12MP Cine Lensတို့ ပါရှိပါတယ်။





Honor V30 Pro ဟာ 5-axis OIS ၊ EIS ၊ 3x optical zoom ၊ 5x hybrid zoom နဲ့ 30x digital zoom စနစ်အပြင် 4K Video ကို 30fps နှုန်းနဲ့ ရိုက်ကူးဖို့ပါ support ပေးထားပါတယ်။ Honor V30 ရိုးရိုးမော်ဒယ်မှာလည်း 40MP ကင်မရာ ၊ 8MP tele ကင်မရာ နဲ့ 8MP superwide lens တွေ သုံးထားသလို 4-axis OIS ၊ EIS ၊ 3x optical zoom ၊ 5x hybrid zoom နဲ့ 30x digital zoom စနစ် တွေ ပံ့ပိုးပေးထားပါတယ်။

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ Magic UI 3.0.1 စနစ် သုံးထားပါတယ်။ Honor V30 နဲ့ V30 Pro ဖုန်းတွေကို လိမ္မော်ရောင် ၊ ပုလဲဖြူရောင် ၊ အပြာနဲ့ အနက်ရောင်ဆိုပြီး ကာလာ ၄ ရောင်နဲ့ ဝယ်နိုင်မှာပါ။ Honor V30 (RAM 6GB/128GB storage) ဗားရှင်းကို ၃၂၉၉ ယွမ် ( မြန်မာငွေ ၇ သိန်းကျော် ) ဈေးကနေ အမြင့်ဆုံး RAM 8GB/128GB storage ဗားရှင်းကို ၃၆၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၉ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Honor V30 Pro ကတော့ RAM 8GB ကိုမှ 128GB storage နဲ့ 256GB storage ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့ ဝယ်နိုင်ပြီး ၃၈၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၄ သောင်းခန့်) နဲ့ ၄၁၉၉ ယွမ် ( မြန်မာငွေ ၉ သိန်းခန့်) ကျသင့်မှာပါ။


loading...

က္က