Classic နဲ့ Sport ဗားရှင်း နှစ်မျိုးနဲ့ ထွက်ထားပါတယ်

Huawei ရဲ့ flagship စမတ်နာရီသစ်ဖြစ်တဲ့ Huawei Watch GT2 Pro ကတော့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။

Huawei Watch GT2 Pro ဟာ သူ့အရင် နောင်တော် Huawei Watch GT စီးရီးတွေရဲ့ စတိုင် အဝိုင်းပုံ နာရီအိုးနဲ့ လာပြီး နီလာမှန် ၊ တိုက်တေနီယမ်ကိုထည်နဲ့ ကြွေသားကျောဘက် panel သုံးထားပါတယ်။ မျက်နှာပြင် ၁.၃၉ လက်မ OLED display ဟာ 454 x 454p ရုပ်ထွက် ပါရှိပြီး နာရီလုပ်ဆောင်ချက်တွေကို ထိန်းချုပ်ဖို့ ညာဘက်ဘေးမှာ ခလုတ်နှစ်ခု တပ်ဆင်ထားပါတယ်။



Photo: GSMArena

Kirin A1 chipset နဲ့ လာပြီး ဘက်ထရီပါဝါ 455mAh ဟာ နှစ်ပတ်ဝန်းကျင်အထိ အသုံးခံမှာပါ။ GPS mode နဲ့ဆို နာရီပေါင်း ၃၀ အထိ အားခံပြီး သီချင်းတွေကို ၂၄ နာရီအထိ ဖွင့်နိုင်မှာပါ။ Huawei Watch GT2 Pro မှာ ထူးခြားလာတာက Qi Wireless charging ပံ့ပိုးထားတာ ဖြစ်ပြီး ၅ မိနစ်အားသွင်းလိုက်တာနဲ့ ၁၀ နာရီအထိ အသုံးခံမယ်လို့ ဆိုပါတယ်။

RAM 32MB နဲ့ onboard storage 4GB ပါရှိပြီး ရေအနက် မီတာ ၅၀ မှာ ၁၀ မိနစ်ကြာအောင် ရေစိမ်ခံနိုင်မယ့် 5ATM rating နဲ့ လာပါတယ်။ ရာသီဥတုဆိုးဝါးမယ့်အကြောင်းကို အသိပေးနိုင်တဲ့ စနစ်တွေအပြင် ပိုပြီး တိကျတဲ့ TruSeen 4.0+ နှလုံးခုန်နှုန်း တိုင်းတာတဲ့ နည်းပညာလည်း ပါဝင်ပါတယ်။ Fitness စမတ်နာရီ ဖြစ်တဲ့အတိုင်း သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှု Sp02 level နဲ့ အိပ်စက်မှုစောင့်ကြည့်စနစ်တွေလည်း ထည့်ထားပါတယ်။

Photo: GSMArena

Huawei ရဲ့ ကိုယ်ပိုင် LiteOS နဲ့ လာပြီး ရေကူးခြင်း ၊ စကိတ်စီးခြင်း ၊ နှင်းလျှောစီးခြင်း နဲ့ ဂေါ့ဖ်ရိုက်ခြင်းအပါအဝင် workout mode ပေါင်း ၁၀၀ ကျော်ကို ခြေရာခံနိုင်မှာပါ။ Huawei Watch GT 2 Pro ကို ဒီလထဲမှာ ‌ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်ပြီး Sport ဗားရှင်းကို ၃၂၉ ယူရို (မြန်မာငွေ ၅ သိန်းကျော်) နဲ့ လယ်သာကြိုး Classic မော်ဒယ်ကို ၃၄၉ ယူရို (မြန်မာငွေ ၅ သိန်းခွဲကျော်) သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က