မြန်မာငွေ ၄ သိန်း ၂ သောင်းလောက်ဆိုတော့ အတော်လေး မိုက်နေပြီ
Nyein Min Wai

OPPO F series ကနေ အသစ်ထွက်လာတဲ့ OPPO F17 နဲ့ F17 Pro တို့ဟာ ပိုပြီး ပါးလွှာတဲ့ ဒီဇိုင်း ၊ မြန်ဆန်သွက်လက်တဲ့ လုပ်ဆောင်မှုနဲ့ ဆွဲဆောင်မှုရှိတဲ့ ဖုန်းတွေအဖြစ် ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

လူငယ်စမတ်ဖုန်းပရိတ်သတ်တွေကို ပစ်မှတ်ထားတဲ့ OPPO F စီးရီးဟာ ဇန်နဝါရီလထဲမှာ OPPO F15 ကို မိတ်ဆက်ခဲ့ပါတယ်။ OPPO F17 ဖုန်းသစ်တွေကတော့ ပိုပြီး သိသာသစ်လွင်တဲ့ဖက်ရှင်နဲ့ လာတယ်လို့ ဆိုရမှာပါ။ ဖုန်းသစ်နှစ်လုံးဟာ Ultra-thin လို့ ခေါ်ရမယ့် ၇.၅ မီလီမီတာထုနဲ့ လာပြီး ၁၆၀ ဂရမ်ကျော် လေးမယ်လို့ ဆိုပါတယ်။

Photo: GSMArena


မျက်နှာပြင်အရွယ်အစားအနေနဲ့ ၆.၄၃ လက်မ Super AMOLED display နဲ့ လာပြီး ရိုးရိုး 60Hz refresh rate ပဲ ပါရှိမှာပါ။ ဘေးအနားသတ်တွေကို လက်ထဲမှာ သက်တောင့်သက်သာနဲ့ မြဲမြံစေဖို့ အနုစိတ်ကွေးညွှတ်မှုလုပ်ထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ OPPO F17 Pro ဟာ MediaTek Helio P95 SoC နဲ့ လာပြီး ဂိမ်းကစားချိန်မှာ latency အနိမ့် နဲ့ lagging မဖြစ်စေမယ့် အမိုက်စား GPU နဲ့ လာပါတယ်။

OS ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ Color OS 7.2 နဲ့ လာပြီး RAM 8GB/128GB storage သုံးထားပါတယ်။ Pro မော်ဒယ်ဟာ ခေတ်အကြိုက် dual punch hole display နဲ့ ကျောဘက်မှာ စတုရန်းကွက်ကင်မရာပုံစံ သုံးထားပါတယ်။ ကျောဘက် စတုရန်းပုံစံ ကင်မရာကွက်ထဲမှာ Quad Lens နဲ့ လာပြီး စုစုပေါင်း ကင်မရာ ၆ လုံးအထိ ပါတာ ဖြစ်ပါတယ်။ 


Photo: priceprice.com

punch-hole ဆယ်လ်ဖီကင်မရာဟာ 16MP နဲ့ 2MP depth sensor တို့ တွဲထားပြီး OPPO ရဲ့ ထုံးစံအတိုင်း AI-powered effects လုပ်ဆောင်ချက်တွေ ပါလာမှာပါ။ ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide lens ၊ 2MP depth sensor နဲ့ 2MP macro sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပြီး AI Super Clear Portrait နည်းပညာက ဒီဖုန်းကင်မရာရဲ့ ထူးခြားမှု ဖြစ်ပါလိမ့်မယ်။

OPPO F17 Pro ဟာ 4000 mAh ဘက်ထရီနဲ့လာပြီး VOOC 4.0 အားသွင်းနည်းပညာသစ် သုံးထားတာကြောင့် 30W charging နှုန်းအထိ သွင်းနိုင်မှာပါ။ VOOC 4.0 အားသွင်းစနစ်ဟာ ၅၃ နှစ်အတွင်း ဘက်ထရီအားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ OPPO F17 Pro ကို စက်တင်ဘာ ၇ ရက်နေ့မှာ ရောင်းချသွားမှာ ဖြစ်ပြီး ရူပီး ၂၃၀၀၀ (မြန်မာငွေ ၄ သိန်း ၂ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က