ဒုတိယမျိုးဆက် Reno စီးရီးတွေပါ
Nyein Min Wai

Reno အမှတ်တံဆိပ်အောက် နောက်ထပ်ထွက်လာတဲ့ မျိုးဆက်သစ်မှာ ကင်မရာ ၄ လုံး သုံးလာပြီ ဖြစ်ပါတယ်။


OPPO Reno 2 စီးရီးအဖြစ် Reno 2 ၊ Reno 2 Z နဲ့Reno 2 F ဖုန်း ၃ မျိုးကို ကြေညာသွားတာ ဖြစ်ပြီး Reno 10x Edition လောက်တော့ high-end မကျပါဘူး။ Reno 2 ဖုန်းသစ် ၃ မျိုး စလုံးဟာ မျက်နှာပြင် ၆.၅ လက်မ 20:9 အချိုးနဲ့လာပြီး Galaxy S10 နဲ့Galaxy Note 10 တို့လို Dynamic AMOLED display နဲ့လာတာဖြစ်ပါတယ်။

Photo: yugatech

Reno 2 ၊ Reno 2 Z နဲ့Reno 2 F တို့ဟာ pop-up ကင်မရာနဲ့လာပြီး 20W VOOC 3.0 fast charging ပါတဲ့ 4000 mAh ဘက်ထရီ ပါလာပါတယ်။ pop-up ကင်မရာ ဒီဇိုင်းအနေနဲ့OPPO Reno 2 ဟာ ငါးမန်းတောင် ကင်မရာစနစ် သုံးပြီး Reno 2 Z နဲ့Reno 2 F တို့မှာတော့ ရိုးရိုး pop-up mechanism ကင်မရာတွေ သုံးလာတာပါ။

Reno 2 ဟာ Snapdragon 730G chipet သုံးထားပြီး RAM 8GB/256GB storage နဲ့လာပါတယ်။ ကျောဘက်မှာ Sony IMX586 sensor သုံး 48MP ကင်မရာ ၊ 8MP ultra-wide ကင်မရာ ၊ 13MP tele lens နဲ့2MP mono lens ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။

တစ်ခြား ဖုန်း ၂ မျိုးလိုပဲ ရှေ့ဘက်မှာ 16MP ကင်မရာပါပြီး ဈေးနှုန်းကတော့ ရူပီး ၃၇၀၀၀ ( မြန်မာငွေ ၇ သိန်း ၈ သောင်းကျော်) ဈေးကနေ စတင် ဝယ်ယူနိုင်မှာပါ။ Reno 2 Z မှာလည်း 48MP IMX586 sensor ပဲ သုံးထားပြီး OIS ရုပ်ငြိမ်စနစ် မပါပေမယ့် Ultra Steady Video feature သုံးနိုင်မှာပါ။ တစ်ခြား ကင်မရာတွေကတော့ 8MP ultra-wide ကင်မရာ ၊ 2MP portrait mode နဲ့2MP mono lens ကင်မရာတွေ သုံးထားတာပါ။

Photo: noypigeeks

RAM 8GB/256GB storage နဲ့အတူ Helio P90 chipset သုံးထားပြီး ဈေးနှုန်းကတော့ ရူပီး ၃ သောင်း ( မြန်မာငွေ ၆ သိန်း ၃ သောင်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ OPPO Reno 2 F မှာ Samsung ISOCELL GM1 48MP sensor သုံးပြီး တစ်ခြား ကင်မရာတွေမှာတော့ Reno 2 Z အတိုင်းပဲ ဖြစ်ပါတယ်။

OPPO Reno 2 F ဟာ RAM 8GB/128GB storage နဲ့လာပြီး Heliop P70 chipset သုံးထားပါတယ်။ ဒီဖုန်းရဲ့ ဈေးနှုန်းတော့ မသိရသေးပါဘူး။


က္က