Realme ရဲ့ နောက်ထပ် Entry-Level ဖုန်းပါ

Realme ဟာ အင်ဒိုနီးရှားဈေးကွက်မှာ တန်ဖိုးနည်းဖုန်းသစ်ဖြစ်တဲ့ Realme C15 ကို မိတ်ဆက်လိုက်ပါတယ်။

ပြီးခဲ့တဲ့လထဲမှာပဲ Realme ဟာ entry-level ဖုန်းတစ်လုံးဖြစ်တဲ့ Realme C11 ကို မလေးရှားဈေးကွက်မှာ မိတ်ဆက်ခဲ့တာပါ။ Realme C15 ဟာ Realme C11 ထက် သာလွန်တဲ့ features တွေ သုံးထားပြီး လေးလုံးတွဲကျောဘက် ကင်မရာ ၊ ဧရာမ အကြီးစားဘက်ထရီပါဝါနဲ့ အမြန်အားသွင်းနည်းပညာက ဒီဖုန်းရဲ့ Highlights တွေပဲ ဖြစ်ပါတယ်။



Photo: mobilereviewnepal


မျက်နှာပြင် ၆.၅ လက်မအရွယ် display ဟာ HD+ ရုပ်ထွက်ပါရှိပြီး waterdrop notch အသေးတစ်ခု သုံးထားပါတယ်။ မှန်ပြင်ကိုတော့ Gorilla Glass အကြမ်းခံ မှန်အုပ်ထားပါတယ်။ ကျောဘက်မှာ စတုရန်းကွက်ပုံစံ ကင်မရာဒီဇိုင်းနဲ့ လာပြီး 13MP main sensor ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultrawide ၊ 2MP Black&White lens နဲ့ 2MP Retro lens တို့ သုံးထားပါတယ်။

ကျောဘက်ကင်မရာတွေဟာ Super NightScape လုပ်ဆောင်ချက် ၊ Ultra-Wide mode ၊ Slow-Motion ရိုက်ကူးမှုတွေ လုပ်ဆောင်နိုင်မှာပါ။ ရှေ့ဘက် notch ထဲမှာတော့ 8MP selfie ကင်မရာ တပ်ဆင်ထားပါတယ်။ Realme C15 ဟာ Helio G35 Chipset နဲ့ လာပြီး RAM 3GB ၊ 4GB နှစ်မျိုးနဲ့ ထွက်ထားပါတယ်။ 

Photo: thegioididong


Storage ဟာ 64GB နဲ့ 128GB နှစ်မျိုး ပါရှိပြီး သိုလှောင်မှု မြှင့်ဖို့ microSD card slot လည်း ထည့်ပေးထားပါတယ်။ Fingerprint scanner ဟာ ကျောဘက်မှာ ရှိပြီး OS အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Realme UI နဲ့ လာပါတယ်။ ဘက်ထရီပါဝါဟာ 6000 mAh ဖြစ်ပြီး microUSB ကနေ တစ်ဆင့် 18W fast charging ပံ့ပိုးထားပါတယ်။

Realme C15 ကို Marine Blue ၊ Seagull Gray ကာလာ ၂ ရောင်နဲ့ ထုတ်ထားပြီး မော်ဒယ် ၃ မျိုးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ RAM 3GB/64GB storage ဗားရှင်းကို ရူးပစ် ၁၉၉၉၀၀၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲကျော်) ဈေးကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ် RAM 4GB/128GB storage ဗားရှင်းကို ရူးပစ် ၂၄၉၉၀၀၀ (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က