မြန်မာငွေ ၂ သိန်းကျော်တန် Redmi 9 သစ်ကို စပိန်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

Entry-level Redmi စီးရီးတွေဟာ ဈေးသက်သာပြီး သုံးပျော်လို့ နာမည်ကြီးပါတယ်။ Redmi 9 သစ်မှာလည်း လေးလုံးတွဲကင်မရာ ၊ မိုဘိုင်းဂိမ်မာတွေ အကြိုက်တွေ့မယ့် processor နဲ့ အကြီးစားဘက်ထရီပါဝါတွေ ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာဟာ Redmi K30 စတိုင် စက်ဝိုင်းပုံကင်မရာအုံအတွင်း ထောင်လိုက် လေးလုံးတွဲကင်မရာပုံစံ သုံးထားပါတယ်။



Photo: GSMArena

Redmi 9 ဟာ မျက်နှာပြင် ၆.၅၃ လက်မ FHD+ screen နဲ့ လာပြီး selfie ကင်မရာအတွက် waterdrop notch စတိုင်ကို သုံးထားပါတယ်။ အမြင့်ဆုံးတောက်ပမှု 400nits အထိ ရှိပြီး display ကိုတော့ Gorilla Glass 3 မှန်နဲ့ ကာကွယ်ထားပါတယ်။ Screen-to-body အချိုး ၈၉.၈၃% ရှိပြီး dual Nano SIM နဲ့ MicroSD card slot တစ်ခုလည်း ပါရှိပါတယ်။

ကျောဘက်မှာ 13MP main camera ၊ ၁၁၈ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ultra-wide ၊ 5MP macro ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။ notch ထဲမှာ fixed focus နဲ့အတူ 8MP selfie ကင်မရာတစ်လုံး ပါဝင်ပါတယ်။ ဘက်ထရီပါဝါ 5020mAh ဟာ 18W charging စနစ်ပံ့ပိုးထားပါတယ်။

Photo: Android Authority

Helio G80 chipset နဲ့အတူ RAM 3GB/4GB နဲ့ storage 32GB/6GB များ ထွက်ထားပါတယ်။ NFC စနစ် ထည့်ပေးထားပြီး ဈေးကွက်ပေါ်လိုက်ပြီး ဝယ်ယူရရှိနိုင်မှု ကွာခြားသွားနိုင်ပါတယ်။ Xiaomi စပိန်ဝက်ဘ်ဆိုက်မှာတော့ Redmi ကို အနက် ၊ အစိမ်းနဲ့ ခရမ်း ကာလာ ၃ ရောင်နဲ့ ဝယ်ယူနိုင်မယ်လို့ ကြော်ငြာထားပါတယ်။ 

RAM 3GB/32GB storage ဗားရှင်းကို ၁၄၉ ယူရို (မြန်မာငွေ ၂ သိန်း ၃ သောင်းခွဲခန့်) နဲ့ RAM 4GB/64GB storage ကို ၁၇၉ ယူရို (မြန်မာငွေ ၂ သိန်း ၈ သောင်းခွဲခန့် ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က